Chapter 11

3.1K 562 12
                                    

<Unicode>

ခွေးလေးရဲ့ကြေကွဲစရာကောင်းတဲ့ဘဝ (၁၄)

အစ်ကိုကြီးဝံပုလွေက ငါ့ကိုလျက်ပေးနေတယ်ဆိုတာကို မယုံတာမို့ အရမ်းကိုတုန်လှုပ်သွားတာ။ ငါသတိပြန်ရလာတာကို သူစိတ်သက်သာရာရသွားသလိုပဲ။ ပြီးတော့ သူထောင့်နားကနေ တစ်ခုခုကိုဆွဲလာခဲ့တယ်။

အဲ့တာက ခြေထောက်ကျိုးနေတဲ့ ယုန်လေးပဲ။ ဂုဏ်ဆာနေတဲ့ အစ်ကိုကြီးဝံပုလွေကို လည်ပြန်ကြည့်လိုက်ပြီး သနားစရာကောင်းတဲ့ ယုန်လေးကိုကြည့်လိုက်တယ်။ သူလဲ ငါ့လို သနားစရာလေးပဲ။ ငါ လျှောက်သွားလိုက်ပြီး ယုန်ရဲ့ဘေးမှာ ခွေထိုင်လိုက်တယ်။ ဝံပုလွေမိသားစုက သူတို့အစာကို ရှင်လျက်လဲစားနိုင်တာကို ငါအံ့ဩမိသွားပြီး တုန်ရီသွားတော့တယ်။

ဂုဏ်ဆာနေတဲ့ အစ်ကိုကြီးဝံပုလွေရဲ့ မျက်နှာကပြောင်းလဲသွားတယ်။ အစ်ကိုကြီးဝံပုလွေက ခြေလှမ်းမှန်မှန်နဲ့ ငါ့ဆီချည်းကပ်လာခဲ့ပြီး ယုန်ကိုကောက်လိုက်လို့ ငါ့ရှေ့မှာထားလိုက်တယ်။

"အိုကေလား။" ဟုတ်တယ်။ ငါလုံးဝကိုနားမလည်ဘူး။ ယုန်နဲ့ ငါ ခဏ အပြန်လှန်ကြည့်လိုက်ပြီး နှစ်ယောက်လုံးရဲ့ မျက်ဝန်းတွေထဲမှာ သေရမှာကြောက်ရွံနေမှုတွေကို နှစ်ယောက်လုံးတွေ့လိုက်ရတယ်။

"ဝံပုလွေမိသားစုက သားကောင်တွေကိုမစားခင် သားကောင်တွေကြားက စိတ်ခံစားမှုတွေကို ပျိုးထောင်ပေးတတ်တာလား။"
ငါတုန်တုန်ရီရီနဲ့ လျာကိုထုတ်လိုက်ပြီး ယုန်လေးရဲ့ ပါးစပ်အစွန်းကို လျက်လိုက်တယ်။ ယုန်လေးရဲ့ အနီရောင်မျက်ဝန်းတွေက လှလိုက်တာပြောမနေပါနဲ့တော့။ ငါ နောက်ထပ်မလျက်ခင်မှာပဲ အစ်ကိုကြီးဝံပုလွေက ယုန်ကို သူ့ရှေ့ခြေလှိုင်းတွေနဲ အဝေးကိုပစ်လိုက်ပြီး လည်​ချောင်း နက် ကြီးနဲ့ အူနေရင်း ငါ့ ကိုကြောက်စရာကောင်းစွာပဲ ကြည့်လာတယ်။
အစ်ကိုကြီးဝံပုလွေက အတန်ကြာအော်ဟောက်နေခဲ့တယ်။ သူလဲကျနေတဲ့ယုန်ဆီ သွားလိုက်ပြီး လည်ပင်းကို ကိုက်ချလိုက်တယ်။

"အားးး" ငါအရမ်းကြောက်သွားခဲ့တယ်။ ငါအရမ်းကိုလန့်နေတာကြောင့် ချည့်နဲ့နဲ့ နဲ့ပဲ ငိုကြွေးခဲ့ရတယ်။ "အာဝူး အာဝူး" ဒီလိုဆို နောက်တစ်ခါ ဝံပုလွေ အကိုက်ခံရမှာက ငါ့လည်ပင်းပဲ။ ငါငိုမပြီးသေးခင် အစ်ကိုကြီးဝံပုလွေက နောက်လှည့်ပြီး ယုန်ကိုပြစ်ပေးလိုက်တယ်။

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now