Chapter 7

3.1K 567 9
                                    

<Unicode>

ငါ့ရဲ့ လုံးဝပြည့်မောက်နေတဲ့ အစာခွက်ကိုကြည့်ပြီး အနေရခက်သလိုခံစားလိုက်ရတယ်။ ငါ ယုန်သားတော်တော်များများကို စားထားတာဆိုတော့ တကယ်က ငါအရမ်းကြီးဗိုက်မဆာပါဘူး။ ဒါပေမဲ့ အစ်ကိုကြီးဝံပုလွေက အစာမစားရတာနှစ်ရက်ရှိနေပြီ။

သူနိုးလို့ ဗိုက်ဆာလာပြီး ငါသူ့အစာတွေစားလိုက်တာကြောင့် ငါ့ကို သူ့အစာလုပ်မှာလားလို့ ငါတွေးလိုက်မိတယ်။

ငါ့ရဲ့အစာခွက်ကို ​လှောင်အိမ်ဘေးကို တွန်းလိုက်ပြီး အစ်ကိုကြီးဝံပုလွေကို ကျေနပ်တဲ့အကြည့်နဲ့ကြည့်လိုက်တယ်။ အစ်ကိုကြီးဝံပုလွေပုံက ခက်ထန်နေတယ်။

အစ်ကိုကြီးဝံပုလွေက ဘာလို့ အရမ်းတုံးရတာလဲ။ နှစ်ရက်လုံး ဘာလို့ ဘာမှမစားရတာလဲ။ ငါ့မျက်နှာကို ​လှောင်အိမ်ဘက်ရွေ့လိုက်ပြီး အစာခွက်ထဲကနေအစာ ဘယ်လိုစားရမလဲဆိုတာ လျှာထုတ်ပြီးလက်တွေ့လုပ်ပြလိုက်တယ်။ ဒါတကယ့်ကိုပင်ပန်းတာပဲ။

အစ်ကိုကြီးဝံပုလွေက ပိုပြီးတောင် ပိုခက်ထန်လာတယ်။

အစ်ကိုကြီးဝံပုလွေရဲ့ နားလည်နိုင်စွမ်းက တော်တော်လေးဆိုးရွားတယ်။ ငါက ​လှောင်အိမ်ကိုဖြတ်ပြီး ဘယ်လိုစားရမလဲဆိုတာပဲ လက်တွေ့လုပ်ပြချင်ရုံပါ။ လှဲလျောင်းနေတဲ့ အစ်ကိုကြီးဝံပုလွေက ရုတ်တရက် ကြီး ငါ့ဆီပြေးလာတယ်။ သူ့ရဲ့ရှေ့ခြေတွေက ​လှောင်အိမ်ပေါ် ဟိန်းဟောက်လိုက်ပြီး ငါ့ကိုတကယ်ပဲ စားချင်တဲ့ပုံ ပေါက်နေတယ်။

ငါ ကြောက်ရွံမှုကြောင့် ​လှောင်အိမ်ထောင့်ကို ပြန်သွားခဲ့တယ်။ ​လှောင်အိမ်က အစ်ကိုကြီးဝံပုလွေရဲ့ လက်သည်းတွေအောက်မှာ လှုပ်ခါနေပြီး အဲ့ဒီတုန်ခါမှုက ငါ့ကို လှုပ်ခါနေစေခဲ့တယ်။ သူ့မျက်လုံးတွေက ငါ့မျက်လုံးတွေနဲ့ ဆုံသွားပြီး နောက်တော့ ငါ အစ်ကိုကြီးဝံပုလွေရဲ့ သွေးထွက်နေတဲ့ ဗိုက်နဲ့ နောက်ခြေကိုတွေ့လိုက်ရတယ်။

"Oops, ဒီဝံပုလွေတော့ အတော်နာတဲ့အခြေနေမှာပဲ။"

ငါ အစ်ကိုကြီးဝံပုလွေဆီကို တည်တည်ငြိမ်ငြိမ်နဲ့ ချည်းကပ်လိုက်ပေမဲ့ စိတ်ထဲမှာတော့ အကြောက်တရားတွေအပြည့်ပဲ။ ခါရမ်းနေတဲ့ ​လှောင်အိမ်က ရပ်တန့်သွားပြီး အစ်ကိုကြီးဝံပုလွေက စူးရှတဲ့ မျက်လုံးတွေနဲ့ ငါ့ကိုစိုက်ကြည့်နေခဲ့တယ်။

ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြWhere stories live. Discover now