<Unicode>
မွေးမြူရေးသမား C ၏ ကြေကွဲဖွယ်ကောင်းသောဘဝ (၂)
ကျန်းရှောင် ဘေကျင်းတောင်ကပြန်လာတော့ သူဘယ်ညာကြည့်ပြီး လူပင်လယ်ထဲမှာ A နဲ့ B ကိုတွေ့ပေမဲ့ C ကိုတော့မတွေ့ရဘူး။
ကျန်းရှောင်: "ဒေါက်တာရှီ ရော။"
A,B "ဒေါက်တာရှီက သူ့အမေနာမကျန်းဖြစ်နေပြီး သူမကိုဂရုစိုက်ရအောင် ခွင့်ယူသွားရပါတယ်။"
ကျန်းရှောင်: "ဟုတ်ပြီ။" သူ(ကျန်းရှောင်) သူ့(ရှီ)ရဲ့ သားသမီးဝတ်တရားကို ဂရုမစိုက်လိုက်မိဘူး။
ညနေပိုင်းမှာ တိရစ္ဆာန်ရုံက စီနီယာတွေ အစီစဉ်အောင်မြင်သည့်အတွက် ဂုဏ်ပြုပွဲ ပြင်ဆင်ကြသည်။ ကျန်းရှောင်က အပျင်းကြီးစွာနဲ့ပဲ ငြင်းလိုက်ပေမဲ့လဲ ဖြားယောင်းခံလိုက်ရ၏။ နေရာက ဥယျာဥ်နဲ့ဝေးတဲ့ နာမည်ကြီးစားသောက်ဆိုင်မှာဖြစ်သည်။ လမ်းဘေးအစားသောက်တန်းအနားမှာရှိတာကြောင့် ကားဝင်မမောင်းနိုင်ပေ။ အကုန်လုံးလမ်းပဲလျှောက်ကြရ၏။
လူတစ်ဒါဇင်က ကျန်းရှောင်နောက်က လျှောက်နေကြသည်။ အရှေ့ကလူက စကားမပြော မရယ်ပေမဲ့ သူ့ရဲ့လှုပ်ရှားမှုတိုင်းကို သူတို့ အာရုံစိုက်နေကြသည်။
သူတို့ စားသောက်ဆိုင်အသေးလေးကိုဖြတ်သွားတော့ ကျန်းရှောင် ပြတင်းပေါက်နားမှာထိုင်နေတဲ့ အတွဲလေးတစ်တွဲကိုတွေ့မိ၏။
"ဘာဖြစ်တာလဲ ကျန်းရှောင် အသိတွေလား။" သူ့နောက်ကတစ်ယောက်ကမေးလိုက်သည်။
"ဟုတ်တယ်။"
"ဒေါက်တာရှီမဟုတ်လား။ မျက်နှာချင်းဆိုင်ကကောင်မလေးက သူ့ချစ်သူလား။ ကျွန်တော်တို့နဲ့ အတူသွားဖို့ ခေါ်ချင်လား။"
"မလိုဘူး။ သွားကြစို့။"
ကျန်းရှောင် အရှေ့ကိုခြေလှမ်းကျဲကျဲနဲ့လျှောက်နေလိုက်ပြီး သူ့နှလုံးသားထဲမှာ အမည်မသိတဲ့ ဒေါသတစ်မျိုးရှိနေခဲ့သည်။ သူ ပိုပိုပြီး စိတ်တိုလာရ၏။ သူဒီမှာဆက်နေရင် သူ့စိတ်တွေလွတ်ကုန်မှာကို ကြောက်ရွံမိသည်။
သူ့အမေနေမကောင်းလို့ ဒါကြောင့်ခွင့်ယူတာပေါ့လေ။ သူက သူမကို ကောင်မလေးနဲ့စားသောက်ဆိုင်ထဲမှာနေပြီး ပြုစုတာလား။ သူ(ကျန်းရှောင်) သူ့(ရှီ)ကို ယုံကြည်မိလို့ သူ(ရှီ)က မိုက်မဲတဲ့ မှတ်ချက်တွေနဲ့တောင်လှည့်စားခဲ့တယ်။

YOU ARE READING
ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရပြီ/ငါလေး ဝံပုလွေသားရဲတွင်းထဲပို့ခံလိုက်ရြ
عشوائيName- 被送进狼窝了怎么办 『I was sent to a wolf den』 《Complete》 Author -今夜无眠 English Translater - Wordrain Chapter- 35【Complete】 ✓✔ 〔4september 2021 →⇒⇛30october 2021〕 ခွေးလေးတစ်ကောင်နဲ့ ဝံပုလွေကြီး တို့ရဲ့အကြောင်း ခွေးလေးရဲ့ သတ္တိကြောင်မှုတွေကို အတိုင်းသားတ...