Called mr villin

576 63 6
                                    

Called Me Villin
အပိုင်း ( ၁၁ )

"  သူ့မျက်လုံးတွေက လွှဲရခက်တယ်။ သူအသံ...တစ်ဖက်လူကြားရုံသာ ပြောပေမယ့် ထိုအသံက အမိန့်ပေးနေသလို ဆူးရှနေတယ်။ အစကတော့ နွေဦးကြောင့် သူ့ကိုတွေ့ခဲ့ပေမယ့် ခုနောက်ပိုင်း သူ့အသံမကြားရရင် တစ်ခုခုလိုသလိုဟာနေပြီ။ ဒီတစ်ခါ သူခေါ်ရင်တော့ ငြင်းရမယ်။ ဒီတိုင်းဆက်သွားရင်  ကိုယ်တို့တွေအတွက်မကောင်းဘူး အဓိကက နွေဦး "

လွန်ခဲ့သည့် နှစ်နှစ်။ ဇွန်လ ဒုတိယပတ်က ရက်ဆွဲဖြင့်စာမျက်နှာတွင် ထိုစာကြောင်းလေးသာရေးထားသည်။ သက်သက်ခိုင် နောက်တစ်ရွက်ကိုထပ်လှန်လိုက်၏။ ရက်ဆွဲက တစ်ပတ်ခြားသွားပြန်ပြီ။

" မနေ့ညက ဘာတွေဖြစ်သွားတာလဲ ။ ကိုယ်ဘာမှ မမှတ်မိဘူး။ မနေ့ညနေရုံးဆင်းတော့ သူနဲ့ညစာလာစားဖို့  သူဖုန်းဆက်တယ် ပထမတော့ ငြင်းပေမယ့် ထုံးစံအတိုင်း သူ့ရဲ့အမိန့်လိုအသံအောက်မှာ ထပ်ပြီးမငြင်းနိုင်ခဲ့ဘူး။ ကိုယ်တို့ တူတူသောက်ဖြစ်သွားတယ် ဒါပဲ ကိုယ်မှတ်မိတာ ဒါအကုန်ပဲ"

ထိုကာလက စာမျက်နှာများ၌ နွေဦးအကြောင်း မပါသလောက်ပင် ။ ဒိုင်ယာရီကိုဖတ်ရုံဖြင့်  ကဗျာချို့အပေါ် သဇင်ဦး၏ လွှမ်မိုးမှုအတိုင်းအဆကိုသိနိုင်သည်။

'ဟူး..'

သက်သက်ခိုင် တစ်ရွက်ချင်းစီဖတ်နေရင်းမှ သက်ပျင်းဖွဖွချမိသည်။ အမှုက ထင်တာထပ်ပို၍ ရှုပ်ထွေးနေပြီ။ ကဗျာချိုကိုသတ်တာ ဘယ်သူလဲ။ ထိုမေးခွန်း၏ အဖြေကို သက်သက်ခိုင် သိနေပြီဖြစ်၏။ သို့သော် သက်သေမရှိ။ ပိုဆိုးသည်က နွေဦးက သူ့သတ်တာပါဟု ဝန်ခံနေပြီ။

' မဟုတ်ဖူး.....။ နွေဦးမဟုတ်ဖူး'

ကြားလိုက်ရသည့်အသံကြောင့် တစ်ကိုယ်လုံးကြက်သီးမွှေးများပင်ထောင်သွားသည်။ ဒိုင်ယာရီကိုပိတ်ကာ အခန်းထဲသို့လှည့်ကြည့်လိုက်၏။ မီးရောင်အောက်မှာ အားလုံးကနေသားတစ်ကျ။ တစ်ဖက်အခန်းမှ စကားပြောနေသံသဲ့သဲ့ကိုပင်ကြားနေရသည်။
ကဗျာချိုရဲ့ ဒိုင်ယာရီဖတ်ရင်း စိတ်ရောက်သွားလို့ဖြစ်မှာပါ။ သူအိပ်သင့်ပြီ။ ထို့ကြောင့် မီးပိတ်ကာ အိပ်ယာဝင်ခဲ့တော့သည်။

Call Me VillinWhere stories live. Discover now