Called me Villin
အပ်ိုင်း ( ၁၅ )
******ချို့မျက်လုံးများက သူ့အားအထိတ်တလန့်ကြည့်လျှက် သူ့လက်များကိုတင်းကျပ်စွာဆွဲကိုင်ထားသည်။ မတော်တဆဖြစ်သွားတာဟု သူ့က်ိုယ်သူလ်ိမ်လိုက်သည်။ ချို့ရင်ဘတ်မှသွေးများက သူ့အင်္ကျီ၌ပါပေကုန်သည်။ ချို့လက်တွေတစ်ဖြေးဖြေးပြေလျော့သွားပြီးနောက် ကြမ်းပေါ်၌ပုံလျှက်လဲသွားတော့သည်။ လဲကျသွားသည့်ချို့ကိုကျော်ကာ ရေချိုးခန်းရှိရာသို့သွားလိုက်ပြီး အင်္ကျီကိုချွတ်ကာ ရေဆေးပစ်လိုက်သည်။ လောလောလတ်လတ်ပေသွားသည့် သွေးဖြစ်၍ လျော်ရမခက်လှ။ ရေမခြေက်သေးပေမယ့် ကြာကြာနေ၍မဖြစ်တာကြောင့် အင်္ကျီကိုပြန်ဝတ်ကာ ထိုအခန်းထဲမှထွက်ခဲ့လိုက်တော့သည်။
စိတ်တွေလေးနေ၍ အိမ်သို့စောစောပြန်ရန်စိတ်ကူးရင်း ကွန်ပျူတာကိုပိတ်ကာ ကျောပိုးအိတ်ထဲသို့ထည့်လိုက်သည်။
' မကြီး ကျွန်တော်ဒီနေ့ စောစောပြန်တော့မယ်'
'ပြန်လေ နွေဦး။ ဘာလို့လဲ နေမကောင်းဘူးလား'
'ကောင်းပါတယ် စိတ်ထဲလေးနေတာ အလုပ်ထဲလည်းစိတ်မပါတော့လို့'
'အေးအေး ပြန်ပြန်။ စောစောနားလိုက်တော့'
ကျောပိုးအိတ်ကိုလွယ်ကာ ဆိုင်မှထွက်ခဲ့လိုက်ပြီး အိမ်သို့အမြန်ရောက်ချင်သည့်စိတ်ဖြင့် တက္ကစီငှားခဲ့လိုက်သည်။ အိမ်တံခါးကိုဖွင့်လိုက်ချိန်၌ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ့ခေါင်းတစ်ခုလုံးပွင့်တော့မတတ်ထိတ်လန့်သွားရသည်။ ကျောပိုးအိတ်လေးကိုကြမ်းပေါ်သို့လွှတ်ချလိုက်ပြီး လဲကျနေသည့် မ ထံသို့အပြေးသွားမိ၏ ။
သွေးအိုင်ထဲတွက်ပုံလျှက်လဲနေသည့် မ တစ်ကိုယ်လုံးအေးစက်တာတောင့်တင်းနေပြီ။ မ မျက်နှာကစွတ်စွတ်ဖြူလျှက် နှခမ်းတွေပြာနေ၏။
' မ .....။ မ .....'
' မ ......ထပါဦး မ ရဲ့။ မ .....'
ငိုဖို့ပင်သတ်ိမရတော့အောင် ရင်ဘတ်တစ်ခုလုံးအစိတ်စိတ်အမွှာအမွှာကွဲသွားသည်။ မ ခန္တာကိုယ်လေးကိုပွေ့လိုက်တော့ ရင်ညွှန့်တွင်စိုက်နေသည့် ဓားကိုတွေ့လိုက်သည်။ သူ့ဓားပဲ။ ဘုရားရေ ငါဒီဓားကိုဘယ်လိုလုပ်အိမ်မှာထားခဲ့မိတာလဲ။ မ ရင်ဘတ်ကမှဓားကို တစ်ဆစ်ဆစ်နာကျဥ်နေသည့်နှလုံးစားအဆုံဖြင့် ဆွဲနှုတ်လိုက်တော့ မ ကိုယ်ထဲမှနောက်ဆုံးကျန်သည့်သွေးများပန်းထွက်လာသည်။