Called me Villin

726 77 1
                                    


Called me Villin
အပိုင်း (၄)

နွေရာသီကျောင်းပိတပြန်တော့ သူ့အား အမေပြန်လာခေါ်သည်။ ကျောင်းပိတ်ခါစ ပထမဆုံးလိုက်ရသည့် ဘုရားပွဲက ပျော်ဘွယ်မြို့ ရွှေပြည်သာဘုရားပွဲပင်။ ထိုပွဲတွင် အမေ့ရဲ့ဆိုင်မှာ ဘုရားအဆင်း၌ဖြစ်ပြီး ဆိုင်ရှေ့၌ ဇာတ်ရုံတည်ထားသည့် ကွင်ပြင်ကြီးရှိသည်။ ထိုကွင်း၏ ဘေးပတ်ပတ်လည်၌ မုန့်ဆိုင်တန်းများရှိ၏။ ဆိုင်သို့ရောက်သည်နှင့် ပထမဆုံးသွားမိသည်က နွေဦးရဲ့ ဆိုင်ပင်။ အမေဆုံးသွားပြီး သားအဖနှစ်ယောက်နှင့် ဆိုင်အကူ အလုပ်သမားလေး သုံးလေးယောက်သာရှိ၏။ ကဗျာချို ရောက်သွားတော့ ဆိုင်ရှေ့သလင်းပြင်ရှိ သလဲတွေဖြင့် စော့နေသည့် နွေဦး။ တစ်နှစ်အတွင်းမှာ အတော်လေးထွားလာသည်။ အသားညိုသွားသည်ဟု ထင်ရပေမယ့် ပါးဖောင်းဖောင်းလေးများက ချစ်ဖို့ကောင်းနေဆဲပင်။

'ဟိတ်'

သူလှမ်းခေါ်တော့ သလဲပုံလေးလုပ်နေရင်းမှ မော့ကြည့်၏။ သူ့ကို မှတ်မိပုံမရ။

' မမကို မှတ်မိလား'

နွေဦးက ခေါင်းခါသည်။  သူ့ကိုမကြည့်တော့ပဲ စုစုပုံပုံလေးဖြစ်နေသည့် သလဲပုံလေးအား တံတောင်ဆစ်ဖြင့်ထောက်ကာ အခွက်လေးဖြစ်အောင်လုပ်၏။ ထိုအခွက်လေးထဲသို့ သတွေးထွေးချလိုက်ပြန်သည်။ တံတွေဆိုသွားသည့် သလဲများမှာ အခဲလိုက်လေးဖြစ်လာတော့ ထိုအခဲလေးကို ဒုတ်ချောင်းဖြင့် ကလော်ကာ အပြင်သို့ထုတ်လိုက်သည်။

' မုန့်ပျါးသလားရပြီ။ '

'အယ် ညစ်တီးညစ်ပတ်တွေ မဆော့နဲ့လေ။ ထထ ဖုန်ထဲမှာ ထိုင်မနေနဲ့'

သူ့စကားကို နွေဦးက ဂရုမစိုက်ပါ။ ခုဏအတိုင်း နောက်ထပ် သလဲတွေပုံပြန်သည်။

' နွေဦး အဖေရော'

' အဖေ ရေချိုးသွားတယ်'

' မမ ကိုတစ်ကယ်မမှတ်မိဘူးလား။ အထည်ဆိုင်ကလေ မနှစ်က နွေဥိီးနဲ့ ကစားတဲ့ မမလေ'

'ဘယ်အထည်ဆိုင်လဲ'

'အန်တီချိုချိုမြင့်တို့ဆိုင်လေ'

နွေဥိီး အရင်ကထက် စကားပီလာတာ သတိထားမိသည်။ အမေ့ နာမည်ကိုပြောမှ မှတ်မိလာသော အရိပ်အယောင်ပြ၍

Call Me VillinWhere stories live. Discover now