Called me Villin
အပိုင်း ( ၉ )တစ်ယောက်ထဲနေရသည့် ဘဝ၌ သက်သက်ခိုင်အသားကျနေသည်မှာ အချိန်အတော်ကြာခဲ့ပါပြီ။ တစ်ယောက်ကိုမှီခိုမှ အသက်ရှင်နိုင်မည်ဆိုလျှင် သူ့အတွက်မွေးလာကတည်းက သေဖို့သာကောင်းသည်မဟုတ်ပါလား။ ဘယ်မှာလဲ မိဘ၊ ဘယ်မှာလဲ အားကိုးစရာ။ ဘုန်းကြီးကျောင်းက မိဘမဲ့ဂေဟာလေးမှာ မြေကြီးပေါ်ခြေနင်းသင်ခဲ့ပြီး ကိုယ့်အားကိုယ်ကိုးကာ စာသင်ခဲ့ရသည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဖြတ်သန်းခဲ့ရသည့် နှစ်တွေတိုင်း သူ့အတွက်အားက်ိုးရာဟူ၍ မရှိခဲ့။ ရှေ့နေဖြစ်ချင်လွန်း၍ တက္ကသိုလ်ဆက်တတ်ရန် ကျောင်းစရိတ်ရှာမှဖြစ်မည်ဟု ဆုံးဖြတ်ကာ မြို့ပေါ်သို့တက်လာခဲ့၏။ လုပ်ခဲ့ရသည့်အလုပ်တွေက အဆုံ၊ တစ်နေကုန်လို့ ထမင်းတစ်နပ်မှမစားရသည့်နေ့တွေလည်းမနဲတော့။
ဥပဒေပညာအား အဝေးသင်တက်ခွင့်ရတော့ အဆောင်မှာငှါးနေသည်။ ရှေ့နေဘဝသို့ရောက်ပြန်တော့လည်း အဆောင်က လေးပေခြောက်ပေးအခန်းလေးကသာ သူ့အ်ိမ်ဖြစ်လာ၏။ အဆောင်မှူးက သူ့အား သားသမီးလို သံယောဇဥ်ဖြစ်နေ၍ အဆောင်လခကိုတစ်ဝက်သာပေးရသည်။ နွေဦးနှင့်မိဘမဲ့ချင်းတူပေမယ့် ကံအကျိုးပေးခြင်းမတူ။ နွေဦးဘဝက အပူပင်ကင်းကင်း၊ အရိပ်အမိုးလုံလုံအောက်မှာ ကြီးပျင်းလာခဲ့သည်။ ဖြစ်ချင်တာတွေဖြစ်ခွင့်ရှိသည့်ဘဝ။ ထိုဘဝမျိုးကိုမှ သူက်ိုယ်တိုင် ဘာမဟုတ်သည့်အကြောင်းပြချက်လေးဖြင့် ဖျက်စီးပြစ်သည်။ နှမြောဖို့ကောင်းလိုက်တာ။ထိုလူမျိုးအား သူ့လိုလူတစ်ယောက်က ကာကွယ်ကာလျှောက်လွဲချက်တင်ရမည်။ သူ့အပေါ်၌ အဘယ်သို့သောကိုယ်ချင်းစာစိတ်မျိုးမွေးရမှာလဲ။
သူ့နေရာမှာကိုယ်သာဆ်ိုရင်လို့ ခဏခဏနေရာလည်းကြည့်ဖူးပါသည်။ ခက်သည်က ချစ်တတ်သည့် နှလုံးသားသည် သူ့တွင် မွေးကတည်းကများ မပါလာခဲ့လေသလားမပြောတတ်။ ဘယ်သူ့က်ိုမှ မချစ်ဖူးတော့ နွေဦးနေရာ၌ မခံစားတတ်ပါ။အတတ်နိုင်ဆုံးတော့ ကြိုးစားရမည်။ လူသတ်မှုအား လူသေမှုအဖြစ်ပြောင်းလည်နိုင်မည့် အကြောင်းပြချက်ကောင်းတွေရှာနိုင်ကောင်းပါရဲ့။ အိပ်ယာပေါ်၌ ပတ်လက်လှန်ရင်း နွေဦးပြောလိုက်သည့် သီချင်းအား နာကျပ်တပ်ကာနားထောင်နေမိသည်။ သီချင်းကခပ်အေးအေး အဆိုတော်၏အသံကြောင့် စာသားတစ်လုံးချင်း သူ့နားထဲသို့စိမ့်ဝင်လာသည်။ ကောင်းကင်ဘုံမှမျက်ရည်စက်များ။ နွေဦး၏ ပုံရိပ်သည် သူ့အာရုံ၌ပေါ်လာ၏။