Called me Villin

1.2K 91 3
                                    

Called me Villin
အပိုင်း (၂)

ကဗျာချို​ပျောက်ပြီး လေးရက်မြောက်နေ့။

ဘဏ်စာအုပ်ထဲတွင် ရှိသမျှ ပိုက်ဆံအားလုံး ထုတ်လိုက်သည်။ စုစုပေါင်း လေးသိန်းခြောက်သောင်း။  ဒီရက်ပိုင်းတွင် လက်ခံထားသမျှ Designအားလုံးအား clientတွေစီ မလုပ်နိုင်သေးကြောင်းပြောကာ ပြန်ပေးလိုက်၏။ အသစ်ဝယ်ထားသည့် ဆင်းကဒ်ကို သူသုံးနေကျ ကတ်နှင့်လဲလိုက်သည်။
အင်္ကျီနှစ်ဆုံအား ကျောပိုးအိတ်ထဲထည့်လိုက်ပြီးနောက်  ၊ သူ့အတွက် မ ကိုယ်တိုင် သူနဲ့ ဆင်တူဝယ်ပေးခဲ့သည် လက်ဆွပ်လေးအား အမြဲတန်းဝတ်နေကျ လက်ခလယ်မှချွတ်ကာ ဆွဲကြိုး၌ လော့ကဒ်သီးနှင့်တွဲ၍ ဆွဲလိုက်သည်။

ထို့နောက် အိပ်ယာပေါ်တွင် မလှုပ်မယှက်ရှိနေသည့် မရဲ့ နှဖူးအား နောက်ဆုံးအကြိမ်အဖြစ် မြတ်နိုးစွာ နမ်းလိုက်ရင်း

'  ကျွန်တော်တောင်းပန်ပါတယ်။  ကျွန်တော့်ကို မ မေးခဲ့ဖူးသလို သေကွဲနဲ့ရှငိကွဲ မင်း ဘယ်ဟာရွေးမလဲဆိုတာလေ။ ကျွန်တော် သေကွဲကိုပဲ ရွေးလိုက်တယ်။ ခုချိန်များ မ စကားပြောနိုင်သေးလို့ မင်း ငါ့ကို ဘယ်လောက်ချစ်နိုင်လဲ မေးရင် ၊ ကျွန်တော် မကို ဘယ်သူ့လက်ထဲမှ ထည့်မပေးနိုင်တော့တဲ့အဆုံး မ ကို သတ်ပြစ်နိုင်တဲ့အထိ ချစ်တယ်လို့ဖြေမယ်။ မ ယုံတယ်မှလား။ ကျွန်တော် သွားတော့မယ် ။ '

မရဲ့ လက်ခလယ်တွင်ရှိသည့် လက်ဆွပ်ကိုလည်း ဖြုတ်ယူ၍ ဆွဲကြိုး၌ပင် တွဲလိုက်သည်။ အေးစက်နေသည့် မ၏ လက်ချောင်းလေးများအား ရင်ဘတ်ပေါ်တင်ပေးလိုက်ပြီး စောင်အပါးတစ်ထည်ကို ရင်ဘတ်ထိဆွဲကာ နောက်ဆုံးအကြိမ်အဖြစ်ခြုံပေးလိုက်သည်။ စာပွဲပေါ်တွင် ရှိသည့် မောင်းချဓားအား  လက်ကိုင်ပဝါထူထူဖြင့် က်ိုင်၍ ကျောပိုးအိတ်ထဲပင်ထည့်လိုက်သည်။ ထိုဓား၏အသွားအား မရဲ့ နှလုံးသားထဲသို့ သူကိုယ်တိုင် ထိုးသွင်းခဲ့သည်။ ထိုအတွက် သူနောင်တမရပါ။ နောက်ဆုံး အချိန်အထိ မကို သူ့အသက်လောက်ချစ်ခဲ့သည်။ အခန်းထဲ၌ အားလုံးဟာ လူသတ်မှုတစ်ခုဖြစ်သွားသည်နှင့်မတူပဲ သာမာန် လူနေသည့် အခန်းအတိုင်းပဲရှိနေသည်။ ထိုသို့ဖြစ်နေအောင်လည်း စနစ်တကျပြင်ဆင်ထားခဲ့သည်။ ထို့နောက် ထိုအခန်းထဲမှ ထွက်ခဲ့တော့၏။ လမ်းမပေါ်ရောက်တော့ ဘပ်စ်ကားမစောင့်ပဲ တက္ကစီငှါး၍ သွားနေကျ မဟုတ်သည့် လိပ်စာတစ်ခုအားပြောလိုက်သည်။

Call Me VillinWhere stories live. Discover now