Called me villin
အပိုင်း ( ၁၀ )အိမ်မပြန်ပဲ ကားကိုပြန်လှည့်ရမည်လား။ သို့သော်လည်း စိန်ခေါ်မှုတွေကို အားကျသည့်သူ့အကျင့်အတိုင်း ကားကိုပါကင်ထိုးကာ တက်ခဲ့လိုက်တော့သည်။ သူ့အခန်းဝတွင်ချိတ်ထားသည့် ဆိုင်ဘုတ်အား သေချာဖတ်နေသည့် ရှေ့နေမက သူ့အားကြိုဆိုလိုက်သည်။
' သြော် မသက်သက်ခိုင်ရောက်နေတာပဲ'
' ခုပဲရောက်တာပါ။ ဖုန်းကြိုဆက်ပြီးမှ လာသင့်တာကို ဆောရီးပဲနော်'
'ရပါတယ် လာ ဝင်လေ'
ပါလာသည့်အထုတ်များအား ထမင်းစားစာပွဲပေါ်သို့သွားတင်လိုက်သည်။
' ကော်ဖီဖျော်လိုက်ဦးမယ်'
'နေပါစေ ကျွန်မအခုပဲ အမှုသည်တစ်ယောက်နဲ့ စကားပြောရင်း သောက်ခဲ့ပြီးပါပြီ ၊ဒါနဲ့ ဒဏ်ရာကသက်သာသွားပြီလား'
' ကောင်းသွားပါပြီ ဒါပေမယ့် အမာရွတ်ကတော့'
သူပုခုံးတွန့်ပြလိုက်ပြီး သက်သက်ခိုင်နှင့်မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။ သူထိုင်ပြီးသည်နှင့် သက်သက်ခိုက်က လက်ဆွဲအိတ်ထဲမှ ပလပ်စတစ်အကြည်ထုတ်လေးအား သူတို့နှစ်ယောက်ကြားရှိ စားပွဲပေါ်သို့တင်လိုက်သည်။
' ဒီဓားလေးကို မသဇင်ဦးမြင်ဖူးမယ်ထင်ပါတယ် ပြီးတော့ ဒါလေးရော'
နောက်ထပ် သက်သက်ခိုင်ထုတ်လိုက်သည့် ပစ္စည်းကြောင့် ထိုင်ခုံါလက်ယမ်းအားတင်းခနဲဆုပ်ကိုင်လိုက်မိသည်။ သရဲခြောက်ခံရသလို ခြေဖျားလက်ဖျားတွေပါအေးစက်လာ၏။
' သက်သေခံပစ္စည်းမှာ လက်ဗွေရာနှစ်ခုတွေ့တယ်။ တစ်ခုက တရားခံနွေဦးရဲ့ လက်ဗွေ နောက်တစ်ခုက ဒီလက်ဗွေယာပဲ ၊ ကျွန်မတို့တွေ့ရသလောက်ဆို နောက်ထပ်လက်ဗွေက သေဆုံးသူ မကဗျာချိုလို့ထင်ရပေမယ့် မဟုတ်ဖူး။ ဒါဆို'
သက်သက်ခိုင်ရှေ့မှ အမျိုးသမီးအား တစ်ချက်အကဲခတ်လိုက်မိသည်။ သူသည် ထိတ်လန့် အံ့သြနေသည်ကိုထိန်းချုပ်ရန် အောက်နှခမ်းအားသွားဖြင့်ကျိတ်ကာဖိကိုက်ထား၏။
'ကျွန်မက အခုတံရားခံလို့ပြောနေကြတဲ့ နွေဦးရဲ့ ရှေ့နေပါ။ ကြီးတဲ့အမှုကိုသေးဖို့ ၊ သေးတဲ့အမှုကိုပပျောက်ဖို့ တာဝန်ရှိတယ်။ အခုအမှုမှာ နွေဦးဟာ သူကိုယ်တိုင် သတ်တာပါလို့ဝန်ခံထားတာရယ် နောက်တစ်ချက် သေသူရဲ့ အလောင်းကို သူ့တိုက်ခန်းမှာတွေ့ခဲ့တာရယ်ကြောင့် အခုထိ လူသတ်မှုနဲ့ တရားဆွဲဆိုခံထားရပါတယ်။ မသဇင်ဦးက ကျွန်မကို ဒီဓားပေါ်က လက်ဗွေရာအကြောင်းရှင်းပြပေးနိုင်မလား '