Called me Villin

717 75 1
                                    

Called me Villin
အပိုင်း (၅)

မျက်နှာကိုမြင်လိုက်ချိန်၌ ထိတ်လန့်သွားသည့်အဖြစ်ကို  တစ်ဖက်လူမမြင်စေရန် အလျှင်အမြန်ထိန်းချုပ်လိုက်ရသည်။ လောလောလတ်လတ်ဒဏ်ရာရထားဟန်တူသည့် အမာရွတ်နှစ်ခုသည် အမျိုးသမီး၏မျက်နှာကို အတိအကျကို ရုပ်ဆိုးစေပါသည်။ မတော်တဆမှုတစ်ခုခုဖြစ်ထားသည်လား သို့မဟုတ် တစ်ဆုံတစ်ယောက်၏လက်ချက်ကြောင့်လား။

' ကျွန်မ ဘာကူညီပေးရမလဲ'

'ကဗျာချိုသေဆုံးသွားတဲ့ အမှုနဲ့ပတ်သတ်ပြီး မသဇင်ဦးနဲ့ စကားနည်းနည်းလောက်ပြောလို့ရမလား'

'ဟုတ်ကဲ့ ရပါတယ်'

ဧည့်ခန်း၌ထိုင်လိုက်ပြီးနောက် အခန်းထဲ၌တစ်ချက်မျှဝေ့ကြည့်လ်ိုက်မိသည်။ 

'ကော်ဖီဖျော်ခဲ့မယ် ခဏလေးနော်'

'နေပါစေရှင့်။ ကျွန်မ  ကော်ဖီမသောက်ပါဘူး'

ထို့နောက်သဇင်ဦးမှာ သူနှင့်မျက်နှာချင်းဆိုင်၌ ဝင်၍ထိုင်လိုက်သည်။

' မသက်သက်ခိုင် သိချင်တာမေးပါ။ ကျွန်မ သိသလောက်ပြန်ဖြေပေးပါ့မယ်'

သဇင်ဦး၏ မျက်လုံးတွေကို  အရင်ဆုံး အကဲဖြတ်မိသည်။ တည်ငြိမ်ဆူးရှသည့် နွေဦးရဲ့မျက်လုံးတွေနှင့်မတူပေမယ့် အရောင်လက်နေသည့်  သူ့မျက်လုံးများ၌ ထက်မြတ်သည့်အသွင်ကိုဖော်ပြနေသည်။

' မသဇင်ဦးနဲ့ ကဗျာချိုတို့ ရင်နှီးတာကြာပြီလား'

' ငါးနှစ်။ ဟုတ်တယ် ကျွန်မနဲ့ချိုလေးနဲ့ ရင်းနှီးလာတာ ငါးနှစ်ရှိပါပြီ'

'ဒါဆို နွေဦးကိုလည်း ရင်းနှီးမှာပေါ့'

နွေဦးအကြောင်းကိုမေးတော့ သူ့မျက်လုံးများ၌ ပ်ို၍အရောင်လက်သွားသည်။ သူက ပြုံးလ်ိုက်ပြီး

' နွေဦးနဲ့ ရင်းနှီးတာတော့ ရှစ်နှစ်လောက်ရှိပြီထင်တယ်။ ချိုလေးထက် သူ့က်ို အရင်ရင်းနှီးခဲ့တာပါ'

'ကဗျာချိုသေဆုံးမှုမှာ ခိုင်လုံတဲ့သက်သေမရှိပေမယ့် တရားခံကိုယ်တ်ိုင်က သူသတ်ပါတယ်လို့ ဝန်ခံထားတယ်။ ဒါပေမယ့် ဘာလို့သတ်ရတယ်၊ ဘယ်လိုအဖြစ်အပျက်တွေကြောင့် လူတစ်ယောက်ကိုသတ်ရတယ်ဆိုတာ သူ့ရှေ့နေဖြစ်တဲ့ ကျွန်မကို မပြောပြဘူးဖြစ်နေတယ်။ သူဘက်က ဘာမှမပြောပဲနဲ့ ကျွန်မသူ့ကို ကာကွယ်မပေးနိုင်ဘူး။ နွေဦးက သူ့အစ်မကို သူကိုယ်တိုင်သတ်မယ့်သူမျိုးလား။ သူက ဘယ်လိုလူမျိုးလဲ မသဇင်ဦးသိသလောက်ပြောပြပေးနိုင်မလား'

Call Me VillinWhere stories live. Discover now