Called me Villin

662 70 1
                                    

Called me Villin
အပိုင်း ( ၇

' အင်း ကိုယ်ကားငှါးလိုက်မယ်'

'မငှါးနဲ့ အစ်မ။ လမ်းလျှောက်ကြရအောင်လား ။ ဧရာထဲကနေဖြတ်ပြီးလျှောက်ရင် သိပ်မဝေးပါဘူး'

ဒိီဘက်ကလမ်းတွေကို နွေဦးကသူ့ထက်ပိုကျွမ်းကျင်သူဖြစ်၍ လက်ခံလိုက်သည်။ တစ်ကယ်တော့ သူလမ်းမလျှောက်ချင်တော့ပါ။ တတိယထပ်ကို တက်လိုက်ဆင်းလိုက်လုပ်ရလွန်း၍ ခြေထောက်တွေပင်တောင့်တင်းနေပြီလေ။ နေ့ခင်းက ဆိုဒ်ဘေးကဆိုင်တွင်စားခဲ့သည့် နေ့လည်စာသည်လည်း ဘယ်လိုဝင်၍ ဘယ်လိုမျိုချမိခဲ့သလဲပင် မမှတ်မိတော့။

'ဆိုဒ်က ဒီတစ်ခုပဲလား'

'ဟုတ်တယ် တစ်ခုထဲပဲ။ နွေဦး အဝေးသင်ကို ဘယ်မေဂျါယူလဲ'

' မြန်မာစာ '

' နွေဦးရတဲ့အမှတ်တွေ နှမြောဖို့ကောင်းတယ်နော်။ ခုချိန်သေချာစဥ်းစားလို့ရပါသေးတယ်  နောက်မှ နောင်တနေမယ်'

လမ်းလျှောက်တိုင်း နွေဦးအား လမ်း၏အတွင်းဘက်၌သာထားတတ်သည်။ ကျောပိုးအိတ်ကို တစ်ဖက်တည်းလွယ်၍ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာ လမ်းလျှောက်တတ်သော်လည်း ထိုသို့လမ်းလျှောက်သည့် ပုံစံကပင် သူ့ကိုပို၍ကြည့်ကောင်းစေသည်။

' ပိုက်ဆံများများရှာနိုင်မယ်ဆို နောင်တမရတော့ပါဘူး ။ ကျွန်တော် အစ်မကို သတိရနေတာ'

စိတ်ထဲ၌ ဖြစ်လာသည့်ခံစားချက်တစ်ခုအား ရိုးသားစွာပြောလိုက်မိခြင်းဖြစ်၏။ တစ်ဖက်မှ ဘာမှမပြောပေမယ့် ထိုစကားအတွက်တော့ နောင်တမရမိပါ။ ဧရာလမ်းထဲမှ စျေးဘက်သို့ကွေ့ဝင်ခဲ့တော့ ကားသံများတိတ်ဆိတ်သွားသည်။ လမ်းသည် အနည်းငယ်လည်းမှောင်နေ၏။ စျေးနား၌ မသိမ်းသေးသည့် စျေးသည်တစ်ချို့တစ်လေမှလွဲ၍ ရှင်းလင်းနေသည်။

' ညတိုင်း လမ်းလျှောက်ပြန်တာလား'

'  ညတိုင်းပဲ'

' လူပြတ်တယ်နော်  ဂရုစိုက်ဦး'

'သင်တန်းရော ဘယ်အချိန်တက်လဲ'

'တနင်္ဂနွေဆို အလုပ်တစ်ရက်နားပေးတယ်။ အဲ့နေ့ တစ်ရက်လုံး သင်တန်းချိန်အပြည့်ပဲ မ ကိုယ်တိုင်ကို သေချာစီစဥ်ပေးထားတာ'

Call Me VillinWhere stories live. Discover now