called me villin

439 58 3
                                    

Called me Villin

အပိုင်း ( ၁၃ )
********

အမျိုးသားက ဓာတ်ပုံကိုငုံ့ကြည့်ရင်း ဖြေလိုက်သည်။

' လွန်ခဲ့တဲ့ တစ်လ မေလ ၁၃ရက်နေ့တုန်းကရော ဒီတိုက်ခန်းကို သူလာတာမြင်မိသေးလား'

အိမ်ရှင်အမျိုးသားက  လက်နှစ်ဖက်ပေါင်ပေါ်သို့ထောက်ကာ ထိုင်ချလိုက်သည်။ နံရံကပြက္ကဒိန်ဆီသို့လှမ်းကြည့်လိုက်ပြီး

' ခဏနော် '

'ရပါတယ် အချိန်ယူပြီးစဥ်းစားကြည့်ပေးပါ'

မေးစေ့ကိုပွတ်ကာ ခဏကြာအောင် စဥ်းစားနေပြီးမှ လက်ဖျောက်တစ်ချက်တီးလိုက်ပြီး

'အာ ဟုတ်ပြီ။  ညီမပြောတဲ့ ၁၃ ရက်နေ့တော့မဟုတ်ဘူး ၁၁ရက်နေ့ ညနေပိုင်းက ကျွန်တော် မြို့ထဲကနေပြန်လာတာ့ ကောင်မလေးနှစ်ယောက်ထဲက အငယ်နဲ့တူတယ် ဆံပင်ပိုရှည်တဲ့တစ်ယောက်လေ ယောကျာ်းလေးပုံစံနဲ့။ သူ့က်ို လှေကားမှာတွေ့လိုက်တယ် အပြင်သွားတာနဲ့တူတယ်ဗျာ့ ။ အဲ့ဒါပြီးတော့ ကျွန်တော် အိမ်ထဲကိုဝင်တယ် နောက်ပြီး ကျွန်တော့အမျိုးသမီးကို စျးမှာသွားကြိုဖို့ နောက်တစ်ခေါက်ထပ်ထွက်တော့ ဒီတစ်ယောက်ကို သူတို့တိုက်ခန်းရှေ့မှာရပ်နေတာတွေ့လိုက်တယ်'

သဇင်ဦး၏ ဓာတ်ပုံကိုမေးငေါ့ပြသည်။ နွေဦးအပြင်သွားချိန်၌ သဇင်ဦးရောက်လာခဲ့သည်ပေါ့။ ဒါဖြင့် အဲ့အချိန် ကဗျာချိုကဘယ်မှာလဲ။ တိုက်ခန်းမှာရှိနေပြီးသားလား ။ ကဗျာချို့အလောင်းကို သေဆုံးပြီးနှစ်ရက်အကြာမှပြန်တွေ့တာမဟုတ်လား။

' အကြီးတစ်ယောက်ကိုရော မတွေ့မိဘူးလား'

' သိပ်မတွေ့မိဘူးဗျာ့ '

' ခုလိုဖြေပေးတာကျေးဇူးတင်ပါတယ်။ အကယ်၍ တရားရုံးမှာ သက်သေအဖြစ်ထွက်ဆိုပေးရမယ်ဆို ကူညီပေးနိုင်မလား မသိဘူး'

အမျိုးသားမှာ ခေတ္တတွေဝေနေပြီးမှ

' ရပါတယ် ။ လိုအပ်တဲ့အချိန်ဆက်သွယ်လိုက်ပါ'

...........

ညစာအဖြစ် အပြင်မှဝယ်လာသည့် အသုတ်ကို ပန်ကန်ထဲသို့ထည့်ကာ ဇွန်းတပ်လိုက်သည်။ နွေဦး၏ အမှုကိုလိုက်ရင်း အသုတ်တွေကြည့်ပဲစားဖြစ်နေသည်။ နွေဦးအား ကဗျာချိုနယ်ပေးနေကျဖြစ်သည့် အသုတ်ကို ငရုပ်သီးမှုန့်အပိုထပ်ထည့်၍တော့ နယ်မစားဖြစ်။ ဓာတ်ဗူးထဲမှ ခပ်နွေးနွေးရေနွေးဖြင့် ကော်ဖီတစ်ထုတ်ကိုခွက်ထဲဖောက်ထည့်ကာ ဇွန်းဖြင့်နာနာမွှေပစ်လိုက်သည်။  ထို့နောက် ဖတ်လို့မပြီးဆုံးသေးသည့် ဒိုင်ယာရီစာအုပ်ကို ဖတ်လက်စနေရာထိရောက်အောင်လှန်လိုက်သည်။

Call Me VillinWhere stories live. Discover now