ပက်လက်လှန်၍နဖူးပေါ်လက်တင်စဥ်းစားကြည့်သည်။ ကျေနပ်တဲ့အဖြေမျိုးထွက်မလာသည့်အတွက်အကြံကောင်းများထွက်လာမလားဆိုသည့်မျှော်လင့်ချက်ဖြင့်ဝမ်းလျားမှောက်ပြီးလက်ပေါ်နဖူးတင်ကြည့်သည်။ဘာအကြံအဉာဏ်မှထွက်မလာသည့်အပြင်အသက်ရှူကြပ်တာပဲအဖက်တင်၏။ အဲ့ဒါဆိုနဖူးပေါ်ခြေထောက်တင်ကြည့်ရင်ရော? သူနဖူးပေါ်ခြေထောက်တင်ဖို့ကြိုးစားကြည့်ပေမယ့်မလွယ်တာနဲ့လက်လျှော့လိုက်ရသည်။
"နဖူးပေါ်ခြေထောက်တင်လို့ရရင်အကြံကောင်းတွေဘာတွေထွက်ချင်ထွက်လာမှာ"
စိတ်ညစ်ညူးစွာဖြင့်ကုတင်ပေါ်ကဆင်းပြီးလက်သည်းကိုက်ရင်းအတွေးနယ်ချဲ့နေမိပြန်သည်။
"ဘာအကြံအဉာဏ်မှထွက်မလာလို့ဘယ်လိုတောင်းပန်ရမလဲတောင်မသိတော့ဘူး။အား...သေချင်တော့တာပဲ။ ကင်ဆော့ဂျင်ရေ....မင်းကိုအစကတည်းကအမြင်မကြည်ပါဘူးဆိုမှ"
ကြမ်းပြင်ကိုခြေထောက်ဖြင့်ဆောင့်လိုက်ဆံပင်တွေကိုဆွဲဖွလိုက်ဖြင့်ကိုယ့်ကိုယ်ကိုအပြစ်တင်မဆုံးဖြစ်နေရတော့သည်။
~ဒေါက်~ဒေါက်
"ဂျင်နီ အခုအချိန်အထိမအိပ်သေး...ဟင်!ဘာတွေဖြစ်နေတာလဲ"
အိပ်ခါနီးရေဆာသလိုလိုရှိတာနဲ့ရေထွက်သောက်ရင်းဆော့ဂျင်အခန်းမီးလင်းနေတာကိုသတိထားမိတာကြောင့်အိပ်ဖို့သတိလာပေးတဲ့ယွန်ဂီတစ်ယောက်ဂဏှာမငြိမ်ဖြစ်နေတဲ့ဆော့ဂျင်ကိုတွေ့လိုက်ရ၍စိတ်ပူသွားရသည်။ ဆော့ဂျင်ကတော့သူစိတ်လှုပ်ရှားလာရင်လုပ်တတ်တဲ့အကျင့်အတိုင်းတနေရာတည်းမှာပဲစက်ဝိုင်းပုံသဏ္ဍာန်လှည့်ပတ်လျှောက်နေပြီးလက်သည်းကိုက်လိုက်ခြေဆောင့်လိုက်နဲ့ယွန်ဂီဝင်လာတာကိုတောင်သတိမထားမိပေ။
"ဂျင်နီ..ဘာဖြစ်နေတာလဲလို့"
သူဆော့ဂျင်ရဲ့လက်ကိုလှမ်းဆွဲလိုက်တော့မှဆော့ဂျင်အသိပြန်ဝင်လာပြီးသူ့ကိုမျက်နှာငယ်လေးဖြင့်ပြန်ကြည့်သည်။
"ယွန်ဂီချီ"
"ဒါမျိုးဂဏှာမငြိမ်မဖြစ်တော့တာကြာပြီမဟုတ်လား။ အလုပ်မှာဘာအဆင်မပြေတာတွေရှိခဲ့လို့လဲ..ဂျင်နီ"
YOU ARE READING
Sincerely, Yours (✔)
Fanfiction(Unicode) ဒီကမ္ဘာကြီးပေါ်မှာ မင်းဟာသာမန်လူသားတစ်ယောက်ဆိုပေမယ့် ကိုယ့်ရဲ့ကမ္ဘာမှာတော့ တန်ဖိုးမဖြတ်နိုင်တဲ့အဖိုးတန်လူသားလေးပါ။ ဒီအတိုင်း..မင်းရဲ့ဖြစ်တည်မှုလေးကိုချစ်တယ် Jeon Jung Kook 💜 Kim Seok Jin (Zawgyi) ဒီကမ္ဘာကြီးပေါ်မှာ မင်းဟာသာမန်လူသာ...