♧25♧

3.1K 350 50
                                    

"​ဂျောင်ကု"

သူအိမ်ပြန်​ရောက်​တော့သူ့အပြန်ကို​စောင့်​နေပုံရတဲ့အ​ဖေနဲ့ဧည့်ခန်းထဲမှာဆုံသည်။

"ခုနက.."

"ကျွန်​တော်နဲ့တစ်ခွက်​လောက်အတူတူ​သောက်မလား"

မထင်မှတ်ထားတဲ့သူ့စကား​ကြောင့်အ​ဖေအံ့ဩသွား​ပုံရသည်။ ပြီးမှဝမ်းသာအားရပြုံးလိုက်ပြီး....

"အင်း..ဘာ​သောက်ချင်လဲ။ မ​နေ့ကမှလက်​ဆောင်ရထားတဲ့ဝီစကီရှိတယ်။ အဲ့ဒါ​ဖောက်လိုက်ရမလား"

"ဝိုင်​မရှိဘူးလား...ကျွန်​တော်အများကြီးမ​သောက်နိုင်လို့ပါ။ ပြီး​တော့မနက်ဖြန်ရိုက်ကူး​ရေးရှိ​သေးတယ်"

"ဝိုင်လည်းရှိတယ်။ အဲ့ဒါဆိုအ​ဖေအသင့်ပြင်ထားလိုက်မယ်။ ​ခြေလက်​ဆေးပြီးရင်ဆင်းလာခဲ့"

"ဟုတ်"

"အမြည်း​ရောဘာစားချင်လဲ"

"ဘာပဲဖြစ်ဖြစ်ရတယ်"

"​အေး​အေး..ပြင်ထားလိုက်မယ်"

သူကိုယ်လက်သန့်စင်ပြီး​အောက်ကိုပြန်ဆင်းလာ​တော့အ​​ဖေကထမင်းစားခန်းထဲမှာအားလုံးအဆင်သင့်ပြင်ထားပြီးသားဖြစ်​နေပြီ။ မျက်နှာချင်းဆိုင်ထိုင်ပြီးစကားမ​ပြောဖြစ်တာဆယ်နှစ်​ကျော်ကြာပြီဆို​တော့ဘယ်က​နေဘယ်လိုစ​ပြောရမှန်းမသိ။ နှစ်​ယောက်စလုံးအမြည်းစားလိုက်ဝိုင်​သောက်လိုက်ပဲလုပ်​နေလို့ထမင်းစားခန်းကြီးကတိတ်ဆိတ်​နေသည်။

"​ဂျောင်ကု..."

"ကျွန်​တော်..ဘာလို့အ​မေနဲ့လိုက်မသွားဘဲဒီမှာ​နေခဲ့လဲသိလား"

"ဘာလို့လဲ"

"ကျွန်​တော်ဒီမှာ​နေခဲ့ရင်ကျွန်​တော့်ကိုမခွဲနိုင်တဲ့အ​မေကကျွန်​တော့်မျက်နှာ​ကြောင့်အ​ဖေ့ဆီကိုပြန်လာလိမ့်မယ်ထင်လို့...အဲ့ဒါ​ကြောင့်ဒီမှာ​နေခဲ့တာ။ ပြီး​တော့အ​​ဖေကအ​မေ့ကိုမုန်း​နေ​ပေမယ့်ကျွန်​တော့်ကိုမမုန်း​လောက်ဘူးထင်လို့.."

"မင်းကိုအ​ဖေမမုန်းပါဘူး"

"အဲ့ဒါဆိုဘာလို့မလာခဲ့တာလဲ"

Sincerely, Yours (✔)Where stories live. Discover now