"သား..မနက်စာစားမသွားတော့ဘူးလား"
သားအရွယ်မို့လို့သားလို့ခေါ်မှန်းသိပေမယ့်မိထွေးဆိုတဲ့အသိကြောင့် စိတ်မကြည်မလင်ဖြစ်သွားရတာတော့အမှန်ပဲ။
"မနက်စာစားလေ့မရှိလို့"
မိထွေးဖြစ်သူရဲ့အမေးကိုတိုတိုတုတ်တုတ်ပဲပြန်ဖြေပြီးသူခြံထဲဆင်းခဲ့သည်။ ခြံထဲကိုရောက်တော့မနက်စောစောလမ်းထွက်လျှောက်ပြီးပြန်လာပုံရတဲ့အဖေဖြစ်သူနဲ့ဆုံတော့ခေါင်းတစ်ချက်ညိတ်ကာနှုတ်ဆက်ပြီးခြံပြင်ကိုထွက်ခဲ့လိုက်သည်။ ဂျောင်ကုဒီအိမ်ကိုပြောင်းလာတာတစ်ပတ်ကျော်ရှိနေပြီဆိုပေမယ့်အခုအချိန်အထိ သူ့ဘက်ကစပြီးအဖေ့ကိုစကားတစ်ခွန်းမှမပြောဖြစ်သေးသလိုအဖေကလည်းသူ့ကိုဘာမှမပြောပေ။ခြံပြင်ရောက်တော့အိပ်ရာထကတည်းကမကြည်တဲ့စိတ်ကတွေ့ချင်တဲ့သူကိုမတွေ့လိုက်ရလို့ပိုလို့တောင်နောက်ကျိကျိဖြစ်ချင်သွားသည်။
"Hyung"
"ဂွန်း..မင်းကဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ။ဟိုတစ်ယောက်ရော"
"Intern လား? သူကအသစ်ဆိုတော့ဘာမှမသိမှာစိုးလို့တဲ့CEOကဒီနေ့တစ်ရက်တော့hyungကိုကျွန်တော်ကိုယ်တိုင်သွားကြိုလိုက်ပါဆိုလို့။ ဒီနေ့က ပထမဆုံးဇာတ်လမ်းတွဲရိုက်ရမယ့်နေ့ဆိုတော့အရေးကြီးတယ်မဟုတ်လား"
"အသစ်မို့လို့ပိုပြီးခေါ်လာသင့်တာပေါ့။ နောက်ပိုင်းမင်းမလာနိုင်ရင်ဘယ်လိုလုပ်မှာလဲ။ သင်စရာရှိတာသင်လို့ရအောင်သူ့ကိုပါခေါ်လိုက်"
"ဟုတ်တယ်နော်။ အဲ့ဒါဆိုinternကိုရိုက်ကွင်းနေရာပြောပြီးအဲ့ကိုလာခိုင်းလိုက်မယ်"
"အခုအချိန်ရသေးတာပဲ..တခါတည်း company မှာဝင်ခေါ်လိုက်"
"အဲ့ဒါလည်းကောင်းသားပဲ။ ကဲ..hyungကားပေါ်တက် company ကိုလည်းဝင်ရဦးမှာဆိုတော့နောက်ကျနေလိမ့်မယ်"
ကားပေါ်ရောက်တော့ဝမ်ဂွန်းက...
"Hyung မနက်စာစားခဲ့သေးလား"
"ဟင့်အင်း"
"အဲ့ဒါဆိုဘာပေးရမလဲ..ထုံးစံအတိုင်းကော်ဖီပဲလား"
YOU ARE READING
Sincerely, Yours (✔)
Fanfictie(Unicode) ဒီကမ္ဘာကြီးပေါ်မှာ မင်းဟာသာမန်လူသားတစ်ယောက်ဆိုပေမယ့် ကိုယ့်ရဲ့ကမ္ဘာမှာတော့ တန်ဖိုးမဖြတ်နိုင်တဲ့အဖိုးတန်လူသားလေးပါ။ ဒီအတိုင်း..မင်းရဲ့ဖြစ်တည်မှုလေးကိုချစ်တယ် Jeon Jung Kook 💜 Kim Seok Jin (Zawgyi) ဒီကမ္ဘာကြီးပေါ်မှာ မင်းဟာသာမန်လူသာ...