~တူ တူ တူ တူ~
"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာသတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့်..."
"ဟာ! ဒီအဆိုးလေးကတော့ကွာ.."
သူဆော့ဂျင်ဆီကိုဖုန်းတွေအကြိမ်ကြိမ်ဆက်နေပေမယ့်ဟိုကောင်ဆိုးလေးကသူ့ဖုန်းကိုလုံးဝမကိုင်တော့ရင်တွေပူလာရသည်။ စိတ်ဆိုးတာတောင်ရိုးရိုးမဆိုးဘဲသူ့ကိုခြိမ်းခြောက်သွားသေးတယ်မှတ်လား။ အဲ့ဒီစကားကခြိမ်းခြောက်ရုံသက်သက်ဆိုတော်သေးသည်။သို့ပေမယ့်သူ့ရဲ့အဆိုးလေးကပြောလို့ရတာမဟုတ် အရွဲ့တိုက်ပြီးတကယ်လုပ်နေမှဒုက္ခ..
"တောက်! အိမ်ရောတန်းပြန်ရဲ့လားမသိဘူး"
~တူ တူ တူ တူ~
"ဆော့ဂျင်လေးရေ...ဖုန်းကိုင်ပါကွာ"
"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ..."
သူနောက်တကြိမ်ကြိုးစားပြီးခေါ်ကြည့်ပေမယ့်မရတော့စိတ်ဓါတ်ကကျချင်လာသည်။ ရည်းစားဖြစ်တာအခုမှနှစ်ရက်ပဲရှိသေးတယ်သူ့မှာအခုကတည်းပူလောင်နေရပြီ။ ချစ်ရတဲ့သူလေးကိုပိုင်ဆိုင်ခွင့်ရတာတောင်ပြည့်ပြည့်ဝဝပြောခွင့်မရတဲ့သူ့ဘဝပါလားနော်။
"တွေ့တဲ့လူနောက်လိုက်သွားမယ်တဲ့..ပြောရက်လိုက်တာ။ မျက်စိရှေ့ကတောင်အပျောက်မခံနိုင်အောင်ချစ်နေရတဲ့ကိုယ့်ရှေ့မှာမှဒီစကားမျိုးပြောထွက်ရက်တယ်။ တော်တော်ရက်စက်တဲ့ကောင်လေး"
"တခြားသူတွေခင်ဗျားလေးကိုစေ့စေ့ကြည့်တာတောင်မကြိုက်လို့ဘယ်သူမှမမြင်ရတဲ့နေရာမှာတောင်ဖွက်ထားချင်တာကို...ရည်းစားထားဦးမယ်တဲ့"
"ဒီအတိုင်းသတ်လည်းသေပါတယ်ကွာ.."
သူအိပ်ရာပေါ်မှာခြေပစ်လက်ပစ်လှဲချလိုက်ပြီးစိတ်ဆိုးနေတဲ့ကောင်လေးကိုဘယ်လိုပြန်ချော့ရကောင်းမလဲအကြံအိုက်နေတုန်းသူ့မျက်စိထဲမှာကယ်တင်ရှင်ရဲ့မျက်နှာကဘွားခနဲပေါ်လာတော့ဝမ်းသာအားရထထိုင်လိုက်မိသည်။
YOU ARE READING
Sincerely, Yours (✔)
Fanfiction(Unicode) ဒီကမ္ဘာကြီးပေါ်မှာ မင်းဟာသာမန်လူသားတစ်ယောက်ဆိုပေမယ့် ကိုယ့်ရဲ့ကမ္ဘာမှာတော့ တန်ဖိုးမဖြတ်နိုင်တဲ့အဖိုးတန်လူသားလေးပါ။ ဒီအတိုင်း..မင်းရဲ့ဖြစ်တည်မှုလေးကိုချစ်တယ် Jeon Jung Kook 💜 Kim Seok Jin (Zawgyi) ဒီကမ္ဘာကြီးပေါ်မှာ မင်းဟာသာမန်လူသာ...