♧24♧

3.1K 359 33
                                    

"ဒီကို ဘယ်လိုလုပ်​ပြီးရောက်လာတာလဲ"

ဒီ​နေ့လည်းသူ့ကိုဂွန်းပဲလာကြိုလိမ့်မယ်လို့ထင်ထား​ပေမယ့်ခြံ​ရှေ့​ရောက်​တော့မ​မျှော်လင့်ဘဲ​ဆော့ဂျင်ကို​တွေ့လိုက်ရ၍သူအံ့ဩတကြီး​မေးမိခြင်းဖြစ်သည်။

"စီနီယာကဒီ​နေ့အရမ်းအလုပ်များ​နေလို့ ဘယ်လိုမှလာလို့မဖြစ်တာနဲ့ကျွန်​တော့်ကိုလွှတ်လိုက်တာ။ ဒါ​ပေမယ့် CEOက​သေချာမှာလိုက်တယ်"

"ဘာမှာလိုက်လဲ"

"နှစ်မီတာအကွာမှာပဲ​နေကြပါတဲ့"

"သူ့စကားကိုနား​ထောင်မယ့်သူလို့များထင်​​နေလား။နှစ်မီတာမ​ပြောနဲ့တစ်စင်တီ​တောင်ခွာပြီး​နေမ​ပေးနိုင်ဘူး"

​ပြော​ပြောဆိုဆိုနဲ့​ဆော့ဂျင်ပခုံး​လေးကိုလှမ်းဖက်လိုက်​တော့​ဆော့ဂျင်မျက်လုံး​လေးပြူးသွားပြီးသူ့ကိုတံ​တောင်ဖြင့်အတင်းတွန်းလွှတ်သည်။

"လူမြင်ကွင်းမှာအခုလိုမျိုး​တွေမလုပ်ပါနဲ့ဆိုမှ။ စကားလည်းနားမ​ထောင်ဘူး။ တစ်​ယောက်​ယောက်မြင်သွားရင်ဘယ်လိုလုပ်မလဲ"

"မြင်​တော့ဘာဖြစ်လဲ..တခါတည်း​ကြေငြာပြီးသားဖြစ်သွားတာ​ပေါ့"

​ဆော့ဂျင်ကသူ့ကိုအကဲပိုရန်​ကောဆိုသည့်အကြည့်ဖြင့်ကြည့်ပြီးကားအ​နောက်ခန်းတံခါးကိုဖွင့်​ပေး​ပေမယ့်သူကခပ်တည်တည်ဖြင့်အ​ရှေ့ခန်းမှာဝင်ထိုင်လိုက်​သည်။

"ဘာလုပ်တာလဲ"

"အ​နောက်မှာထိုင်ရင်​ဆော့ဂျင်ရဲ့မျက်နှာကိုမှမမြင်ရတာ..ဒီမှာပဲထိုင်မယ်​လေ။ ​ရောက်ခါနီးမှအ​နောက်ခန်းကို​ပြောင်းထိုင်ရင်ရတာပဲ"

"တကယ်ပဲ..​.မနိုင်ဘူး"

​ဆော့ဂျင်ကသူ့ကိုမျက်​စောင်း​လေးထိုးပြီးကား​မောင်းသူဘက်ခြမ်းမှာဝင်ထိုင်လိုက်သည်။

"ကား​မောင်းတာလက်နှစ်ဖက်လုံးနဲ့​ကိုင်မောင်းမှဖြစ်မှာလား"

"ဟုတ်တယ်​လေ..ဘာဖြစ်လို့လဲ"

"တစ်ဖက်တည်းနဲ့​မောင်းတတ်​အောင်​လေ့ကျင့်ထားမှ​ပေါ့။ ဒီမှာ..ကိုယ့်လက်က​လေးကပျင်း​နေပြီတဲ့"

Sincerely, Yours (✔)Where stories live. Discover now