Special: Good boy Stickers 👦

2.8K 327 57
                                    

"​ဂျောင်ကုရှိ...​ဂျောင်ကုရှိ...​ဂျောင်ကုရှိ"

ပုံမှန်ဆို​စော​စောစီးစီးလာနှိုးရင်အဲ့ဒီ့လာနှိုးတဲ့သူကိုမျိုးစုံရန်လုပ်တတ်​ပေမယ့်အခုသူ့နာမည်ကိုတ​စ်​ကြော်​ကြော်​အော်​နေတဲ့အသံပိုင်ရှင်ကဘယ်သူလဲဆိုတာကိုသိတဲ့အတွက်စိတ်မဆိုးတဲ့အပြင်ပြုံး​တောင်ပြုံးမိ​သေးသည်။

"​ဂျောင်ကုရှိ...​ဂျောင်ကုရှိ"

သူ့ကိုအသည်းအသန်လာနှိုး​နေတဲ့​ဆော့ဂျင်ကိုစ​ချင်တာနဲ့အသံမ​ပေးဘဲငြိမ်ငြိမ်​လေး​နေ​နေလိုက်သည်။ အဲ့ဒါကိုသိပုံမ​ပေါ်တဲ့​ဆော့ဂျင်ကသူ့ကိုယ်ကိုလာလှုပ်လိုက်​စောင်ကိုလာဆွဲလိုက်ဖြင့်သူ့ကိုကြိုးစားပြီးနှိုး​နေရှာသည်။

"​ဂျောင်ကုရှိ.... အ​မေ့!"

​ဂျောင်ကုက​သူ့​စောင်ကိုအတင်းဆွဲ​နေတဲ့​ဆော့ဂျင်ရဲ့လက်​လေးကိုလှမ်းဆွဲကာအိပ်ရာထဲက​နေဆီး​ပွေ့ထားလိုက်ပြီးပန်းပွင့်​လေးများ၏ပွင့်ဖတ်ထက်နူးညံ့​သောချစ်ရသူ​လေးရဲ့မျက်နှာ​လေးကို​နေရာလပ်မကျန်​အောင်နမ်းရှိုက်ပစ်လိုက်​တော့ရင်ခွင်ထဲက​ကောင်​လေးကလည်းထုံးစံအတိုင်းငြိမ်မခံဘဲအတင်းရုန်း​တော့သည်။

"ဟာ.. အပြင်သွားဖို့အဝတ်အစားလဲပြီးပါပြီဆိုမှ..ဒီမှာအင်္ကျီ​တွေအကုန်တွန့်​ကြေကုန်ပြီ"

​ဆော့ဂျင်ကမှုန်ကုပ်ကုပ်မျက်နှာ​လေးဖြင့်သူ့ကိုစူးစိုက်ကြည့်ပြီးပြောလိုက်သည်။

"အင်္ကျီ​ကြေမှာစိုးရင်ငြိမ်ငြိမ်​နေပါလား"

​ဆော့ဂျင်ကိုအတင်းဖက်ပြီး​နောက်တစ်ကြိမ်ထပ်နမ်းဖို့ပြင်​တော့​ဆော့ဂျင်ကသူ့မျက်နှာကိုလက်​လေးဖြင့်အတင်းတွန်းပစ်သည်။

"​တော်ပြီ​လေ... မြန်မြန်ထ​တော့...​နောက်ကျ​နေပြီ"

တကယ်​တော့ဒီ​နေ့သူတို့နှစ်​ယောက်​ဂျောင်ကုရဲ့အ​ဖေဆီက​နေမင်္ဂလာပွဲကိုခွင့်ပြု​ပေးဖို့သွား​တောင်းဆိုဖို့စီစဥ်ထားသည့်အတွက်​ဆော့ဂျင်ကသူ့ကိုမိုးလင်းကတည်းကအခုလိုအသည်းအသန်လာနှိုး​နေခြင်းဖြစ်သည်။ သူက​တော့သူ့အ​ဖေခွင့်မပြုလည်းလက်ထပ်မယ်လို့စဥ်းစားထား​ပေမယ့်​ဆော့ဂျင်က​တော့လက်မခံ..နှစ်ဖက်မိဘ​တွေကြည်ဖြူမှသူ့ကိုလက်ထပ်နိုင်မည်ဟုခေါင်းမာ​နေတာ​ကြောင့်အခုလိုသွား​တောင်းဆိုဖို့ကိစ္စကိုသ​ဘောတူလက်ခံလိုက်ရသည်။

Sincerely, Yours (✔)Where stories live. Discover now