♧1♧

11.2K 475 37
                                    

"ဒီမှာငြိမ်ငြိမ်ထိုင်​နေ​နော်"

"ဟုတ်"

​မေ​မေ​ပြောတဲ့စကားကိုခေါင်း​လေးညိတ်ပြီး​နာခံလိုက်သည်။ မနာခံလို့လည်းမရ..သူ့ကိုထိုင်ခိုင်ထားတဲ့ထိုင်ခုံကသူ့အ​နေနဲ့ဆိုရင်​တော်​တော်​လေးမြင့်​နေသည့်အတွက်တစုံတ​ယောက်ရဲ့အကူအညီမပါဘဲသူအတက်အဆင်းလုပ်ဖို့မလွယ်ကူ​ပေ။သူဒီ​နေရာကိုအရင်ကလည်း​ရောက်ဖူးပါသည်။ ချိုသာတဲ့အသံပိုင်ရှင်အန်တီကြီးတစ်​ယောက်ကသူ့ကိုဂျယ်လီ​ကျွေးမယ်​ပြောပြီးဒီ​နေရာမှာပဲသူ့လက်​မောင်း​လေးကိုအပ်ကြီးနဲ့နာ​အောင်ထိုးခဲ့​ဖူးတယ်မဟုတ်လား။ အဲ့ဒီအချိန်တုန်းကအသံပြဲကြီးနဲ့​အော်ငိုခဲ့ရတာကိုသူမမေ့​​သေးပေ။

"ပျင်း​နေပြီလား"

"ဟင့်အင်း"

​သူညာလိုက်တာပါ။တကယ်​တော့ထိုင်ရတာကြာလို့သူ​တော်​တော်​လေးပျင်း​နေပြီ။​ပျင်းလွန်းလို့ကြမ်းခင်းနှင့်လွတ်​နေသည့်သူ့​ခြေ​ထောက်သေး​​သေးလေးကိုသာလှုပ်ကစားရင်းအပျင်း​ဖြေ​နေရသည်။ သိပ်မကြာခင်မှာပဲ​အင်္ကျီအဖြူဝတ်ထားသည့်လူတစ်​ယောက်အခန်းထဲဝင်လာပြီးသူ့​အရှေ့ကထိုင်ခုံမှာဝင်ထိုင်လိုက်သည်။

"သားသားနာမည် ဘယ်လို​ခေါ်လဲ"

"​ဆော့ဂျင်နီ"

"ဟုတ်လား...နာမည်​လေးကချစ်စရာ​လေးပဲ။ လူလေးကလည်းချစ်စရာ​ကောင်းတာပဲ"

သူ့ပါး​ဖောင်း​ဖောင်း​လေးကိုဖွဖွ​လေးဆွဲပြီး​ပြောလာတဲ့ထိုလူကြီးရဲ့အသံကကြည်လင်ပြီးနား​ထောင်လို့​ကောင်း​နေသည်။ ဟိုတခါ​တွေ့ခဲ့တဲ့အန်တီကြီးရဲ့အသံကလည်းအခုလိုနား​ထောင်လို့​ကောင်းတာပဲ​လေ။ဒါ​ပေမယ့်ဂျယ်လီ​ကျွေးမယ်လို့ညာပြီးသူ့လက်​မောင်းကိုနာ​အောင်လုပ်သွားတာပဲမဟုတ်လား။ ဒီတခါ​တော့သူအလိမ်မခံတော့​​ပေ။ဂျယ်လီစားမလားဟု​မေးလာရင်လည်းမစား​တော့ဘူးလို့သာပြန်​ဖြေလိုက်​တော့မည်။

"​ဆော့ဂျင်နီ ဂျယ်လီမစားဘူး​နော်...လက်​မောင်းကိုနာနာလုပ်တာလည်းမကြိုက်ဘူး"

"စိတ်ချပါ..ဘဘ ​ဆော့ဂျင်​လေးကို​ဆေးမထိုးပါဘူး"

"တဂယ်​နော်"

Sincerely, Yours (✔)Where stories live. Discover now