"အင်းးး"
"နိုးပြီလား"
"အမလေး!"
အိပ်ရာကနိုးနိုးချင်းအညောင်းဆန့်နေတုန်းအနီးကပ်ကြားလိုက်ရတဲ့အသံကြောင့်ဆော့ဂျင်ထခုန်မတတ်လန့်သွားရသည်။ ခေါင်းအုံးပေါ်မှာရှိနေတဲ့ဖုန်းကိုမြင်မှညကဖုန်းပြောရင်းနဲ့အိပ်ပျော်သွားတဲ့သူ့အဖြစ်ကိုပြန်သတိရပြီးဖုန်းကိုယူကြည့်လိုက်တော့ဂျောင်ကုကသူအိပ်ပျော်သွားတာတောင်ဖုန်းကိုမချပစ်ဘဲတစ်ညလုံးဒီအတိုင်းကိုင်ထားမှန်းသိလိုက်ရသည်။
"ဘာလဲ..တစ်ညလုံးဒီအတိုင်းရှိနေခဲ့တာလား"
📞 အင်း
"ကျွန်တော်အိပ်ပျော်သွားမှန်းသိရင်လည်းဖုန်းချချင်ချဒါမှမဟုတ်ကျွန်တော့်ကိုဖြစ်ဖြစ်နှိုးလိုက်ပါလား။ ဘာဖြစ်လို့အခုလို..."
📞 ဒီအတိုင်း..မင်းရဲ့အသက်ရှူသံလေးကိုနားထောင်ရင်းအိပ်ရာဝင်ချင်လို့
ဂျောင်ကုရဲ့စကားကြောင့်ဆော့ဂျင်မှာဘာပြန်ပြောရမှန်းမသိအောင်ကိုဖြစ်သွားရသည်။ တော်သေးတာပေါ့..သူကလူတစ်ယောက်ဖြစ်နေလို့။ သစ်ရွက်သာဆိုဒီလူကြောင့်တဖြုတ်ဖြုတ်ကြွေနေရတာနဲ့အပင်ပေါ်မှာနေဖို့တောင်အချိန်ရှိမှမဟုတ်ဘူး။
"အဲ့ဒါဆိုအခုလည်းကျွန်တော်နိုးတဲ့အထိဒီအတိုင်းထိုင်စောင့်နေတာပေါ့"
📞 အင်း
"ဘယ်အချိန်ကတည်းကနိုးနေတာလဲ..ညကအိပ်ရောအိပ်ရဲ့လား"
📞 အိပ်တာပေါ့.. ဒါပေမယ့်ဒီနေ့မှထူးထူးခြားခြားအစောကြီးနိုးနေတာ
"အိပ်ရေးရောဝရဲ့လား..ခဏလောက်ဖြစ်ဖြစ်ပြန်အိပ်လိုက်ဦးလေ။ အချိန်ရသေးတာပဲဟာ"
📞 ဟင့်အင်း..ပြန်မအိပ်တော့ဘူး။ မင်းလည်းထပြီးအဆင်သင့်ပြင်ထား။ မနက်စာအတူတူစားဖို့လာခေါ်မယ်။ ကိုယ်ကအဝတ်အစားတောင်လဲထားပြီးပြီ..မင်းမနိုးသေးလို့စောင့်နေတာ
"ဟင်! ဒီနေ့စီနီယာဝမ်ဂွန်းလာကြိုမှာမဟုတ်ဘူးလား။ သွားလို့ဖြစ်ပါ့မလား"
YOU ARE READING
Sincerely, Yours (✔)
Fanfiction(Unicode) ဒီကမ္ဘာကြီးပေါ်မှာ မင်းဟာသာမန်လူသားတစ်ယောက်ဆိုပေမယ့် ကိုယ့်ရဲ့ကမ္ဘာမှာတော့ တန်ဖိုးမဖြတ်နိုင်တဲ့အဖိုးတန်လူသားလေးပါ။ ဒီအတိုင်း..မင်းရဲ့ဖြစ်တည်မှုလေးကိုချစ်တယ် Jeon Jung Kook 💜 Kim Seok Jin (Zawgyi) ဒီကမ္ဘာကြီးပေါ်မှာ မင်းဟာသာမန်လူသာ...