ရုံးခန်းတစ်ခုလုံးမှာရှိသမျှအပင်တွေအားလုံးကိုနှစ်ကြိမ်တိတိရေလောင်းပြီးနောက်သူ့အလုပ်စားပွဲကို ၇ ကြိမ်တိတိသန့်ရှင်းရေးလုပ်ပြီးသည့်အချိန်အထိဝမ်ဂွန်းဆိုသည့်လူပေါ်မလာသေးပေ။ ရုံးခန်းထဲကလူတွေအကုန်အလုပ်ကိုယ်စီဖြင့်ဗျာများနေကြပေမယ့်သူတစ်ယောက်ထဲဘာအလုပ်မှမရှိသည့်အတွက်တစ်ရုံးလုံးကလူတွေကိုအားနာနေမိသည်။ ဒါပေမယ့်မတတ်နိုင်။ သူကအလုပ်လုပ်ချင်ပေမယ့်အလုပ်ကသူ့ဆီကိုမှရောက်မလာတာ။
ဝမ်ဂွန်းကိုမျှော်နေရင်းပျင်းပျင်းရှိတာနဲ့သူ့မှတ်စုစာအုပ်လေးထဲမှာဒီရုံးခန်းကလူတွေရဲ့ပုံပန်းသဏ္ဍာန်ကိုချရေးနေလိုက်သည်။"မန်နေဂျာ ဝမ်ဂွန်းက ယွန်ဂီချီလိုလူကောင်ခပ်သေးသေးပဲဆိုတော့အရပ်က 173 cm လောက်တော့ရှိမယ်ထင်တယ်။ ဆံပင်စတိုင်က...အခုမှစစ်မှုထမ်းပြီးထွက်လာတဲ့ကေမျိုးပဲ။ ပြီးတော့..."
သူ့ဘောပင်လေးကိုမေးဖျားလေးမှာထောက်ပြီးဝမ်ဂွန်းနဲ့တွေ့တုန်းကသတိထားမိခဲ့တာတွေကိုပြန်တွေးနေ၏။
"satoriသုံးတယ်ဆိုတော့နယ်ကလာတာပဲဖြစ်ရမယ်။ အဲ့ဒီလေသံမျိုးကဘယ်ဒေသကပါလိမ့်...စဥ်းစားစမ်း"
"ဟုတ်ပြီ! အဲ့ဒါဂျယ်ဂျူဒိုလေသံပဲ"
ဆော့ဂျင်လည်းသူစဥ်းစားလို့ရသမျှတွေကိုမှတ်စုစာအုပ်လေးထဲမှာချရေးနေတုန်း...
"Intern"
"ဗျာ"
သူထိုင်နေရာကနေဆတ်ခနဲထရပ်လိုက်ရင်းသူ့စားပွဲနားကိုချဥ်းကပ်လာတဲ့လူကိုအကဲခတ်နေ၏။ ဆံပင်စတိုင်နဲ့အရပ်အမောင်းအရတော့ဒီလူကမန်နေဂျာဝမ်ဂွန်းပဲဖြစ်ရမည်။
"လူကိုဘာလို့ပြူးကြည့်နေတာလဲ"
အသံပါကြားလိုက်ရ၍ပိုသေချာသွားခဲ့ပြီ။
"စီနီယာ ဝမ်ဂွန်း?"
"ဘာလို့မမြင်ဖူးတဲ့လူလိုကြည့်နေတာလဲ"
"ဟိုဟာ..ကျွန်တော်က အဝေးမှုန်နေလို့ပါ။အဲ့ဒါလူမှားမှာစိုးလို့သေချာအောင်ကြည့်နေတာ"
YOU ARE READING
Sincerely, Yours (✔)
Fanfic(Unicode) ဒီကမ္ဘာကြီးပေါ်မှာ မင်းဟာသာမန်လူသားတစ်ယောက်ဆိုပေမယ့် ကိုယ့်ရဲ့ကမ္ဘာမှာတော့ တန်ဖိုးမဖြတ်နိုင်တဲ့အဖိုးတန်လူသားလေးပါ။ ဒီအတိုင်း..မင်းရဲ့ဖြစ်တည်မှုလေးကိုချစ်တယ် Jeon Jung Kook 💜 Kim Seok Jin (Zawgyi) ဒီကမ္ဘာကြီးပေါ်မှာ မင်းဟာသာမန်လူသာ...