Episode 01

4.4K 278 3
                                    

UNICODE

' တီ ~ တီ ~ တီ '

ကျယ်ကျယ်​လောင်​လောင် နှိုးစက်သံ​ကြောင့် အုံခဲ​နေတဲ့ ​ခေါင်းကို ဖိကိုင်ရင်း မျက်လုံး​တွေဖွင့်ဖို့ ကျားကုပ်ကျားခဲ အားယူလိုက်ရသည်။

ဖွင့်ရက်သား ကန့်လန့်ကာ​တွေ​နောက်က ပြတင်း​ပေါက်ကို ​ကျော်ဖြတ်ရင်း ဝင်လာတဲ့ ​နေ​ရောင်​ကြောင့် ​ငေါက်ခနဲ ထထိုင်မိသွားသည်။

ပတ်ပတ်လည်ကို ​ဝေ့ဝိုက်ကြည့်မိ​တော့ ဒါ သူ့အခန်းပင်။

ဒါ​တွေက ဘယ်လိုဖြစ်ကုန်ရတာပါလိမ့်...

သူ​သေသွားခဲ့ပြီးပြီမဟုတ်ဘူးလား။

သူ တကယ်ကြီးကို မြေကြီးထဲမှာ မြှုပ်ခံခဲ့ရတာ​လေ....

သူကြုံ​တွေ့ခဲ့ရတာ​တွေက အိမ်မက်ချည်းသက်သက်ပဲလား...

ဘယ်နည်းနဲ့မှ မဖြစ်နိုင်​ပေ။

ရိုက်နှက်ခံခဲ့ရတာ​တွေက စလို့  ထုတ်ချင်း​ပေါက်သွားတဲ့ ဓါးဒဏ်ရာ​​အဆုံး ပူပူ​နွေး​နွေးနှင့် ခုထိတိုင်ခံစားလို့ ရ​နေ​သေးသည်ပင်။

သူ့ကို့ မညှာမတာ လုပ်ရက်ခဲ့ကြသည့် လူ့မိစ္ဆာ​တွေရဲ့ အသွင်အပြင်ကလည်း မှတ်ဥာဏ်ထဲ ထင်ထင်ရှားရှား ရှိ​နေ​သေးသည်​လေ။

ဒါဆို.... သူ.... ပြန်ပြီး ​မွေးဖွားလာခဲ့တာလား?

ကုတင်​ခေါင်းရင်းကို အသည်းအသန်တိုးကပ်​ရင်း ​ဘေးက စားပွဲ​ပေါ်တင်ရက်သားရှိ​နေသည့် ဖုန်းကို ဆွဲယူကြည့်လိုက်သည်။

2021 ခုနှစ် စက်တင်ဘာလ 5ရက်.....

အတိအကျပင်...

သူ သတ်ခံခဲ့ရတာက 2031 ခုနှစ် စက်တင်ဘာ လ 5ရက်​နေ့မှာ​​လေ သူ့အသက် ၂၈နှစ်အရွယ်မှာ​ပေါ့

ဒါဆို သူက ၁၈နှစ်အရွယ်အဖြစ်ကို ပြန်​ရောက်လာခဲ့တာ​ပေါ့...

လွန်ခဲ့တဲ့ ၁၀နှစ်မှာ ပြန်လည်​မွေးဖွားလာခဲ့တာ​ပေါ့​​လေ...

~ ​ဒေါက် ​​ဒေါက် ~

" သခင်​လေး သခင်ကြီးက ​အောက်မှာ ​စောင့်​နေပါပြီ မနက်စာစားဖို့ ဆင်းလာခဲ့ပါတဲ့ "

Rebirth As A Mafia's Bridegroom [카이수]Where stories live. Discover now