Episode 04

2.6K 274 18
                                    

UNICODE

" သခင်​လေး .... သခင်ကြီးက စာကြည့်ခန်းထဲ လာခဲ့ပါဦးတဲ့ "

" လာပြီ ဦး​လေးလီ "

​ကျောင်းက ပြန်လာလာချင်း အခန်းထဲ ထိုင်ပြီး အိမ်စာတစ်ချို့လုပ်​နေတုန်း အိမ်​တော်ထိန်းကြီးရဲ့စကား​ကြောင့် ​အောက်ထပ်ကို ဆင်းလာလိုက်သည်။

စာကြည့်ခန်းတံခါးကို ဖွင့်ကာ ဝင်လိုက်​တော့ Sofa ​ပေါ်ထိုင်​နေတဲ့ အဖိုးက မျက်လုံး​တွေကို ​မှေးမှိတ်လို့ထားသည်။

" အဖိုး ကျွန်​တော့်ကို ​ခေါ်တယ်ဆို ​နေမ​​ကောင်းဘူးလား "

" ​ကောင်းပါတယ် အဖိုး ​မြေးကို ​ပြောစရာရှိလို့ ​ခေါ်လိုက်တာ "

" ​ပြော​​လေ အဖိုး "

" အင်း... ​မြေးလည်း ၁၈နှစ်ပြည့်ပြီး​နေပြီ.. ပြောရရင် Company နဲ့ ပက်သက်တာ​တွေ ​လေ့လာသင့်​နေပြီလို့ အဖိုးထင်တယ်.. ​မြေး စိတ်ဝင်စားရဲ့လား "

Kyung Soo ငြိမ်ငြိမ်​လေးသာ ထိုင်နား​ထောင်​နေမိသည်။

သူ့​ရှေ့က အဖိုးကို ကြည့်ရတာ သန်တုန်း မြန်တုန်းဆို​ပေမယ့် အဘက်ဘက်က ဖိအား​တွေ​ကြောင့် ပင်ပန်းနွမ်းနယ်​နေရတယ်ဆိုတာ သိသာလှသည်။

" humm! ကျွန်​တော် ကြိုးစားပါ့မယ် "

Kyung Soo အ​ဖြေကို ကြား​တော့ အဖိုးက ​ကျေနပ်သွားသ​ယောင်နဲ့ ပြုံးသည်။

" ​ကောင်းပြီ.. မနက်ဖြန်ညကျရင် အဖိုး လုပ်ငန်း Party တစ်ခုတက်စရာရှိတယ် ... ​မြေးကို ​ခေါ်သွား​ပေးမယ် .. အဲ့ဒီ့မှာ လူကြီး ​တော်​တော်များများရှိလိမ့်မယ် ​မြေးနဲ့ မိတ်ဆက်​ပေးမယ် ဟုတ်ပြီလား "

" ဟုတ်... "

" ​ကောင်းပြီ ဒါဆို ​မြေးလုပ်စရာရှိတာ သွားလုပ်​တော့ အဖိုးလည်း အလုပ်​လေး လက်စသတ်ဦးမယ် "

" ဟုတ် "

Kyung Soo အခန်းထဲက ထွက်ဖို့ ပြင်လိုက်ပြီးမှ စာရွက်စာတမ်း​တွေကြား အာရုံစိုက်ထားတဲ့ အဖိုးကို ပြန်လှည့်ကြည့်လိုက်မိသည်။

" အဖိုး... "

" ​ဟေ... "

" ​ကောင်း​သောညပါ အဖိုး အိမ်မက်လှလှမက်ပါ​စေ "

Rebirth As A Mafia's Bridegroom [카이수]Where stories live. Discover now