UNICODE
ကားလမ်းဘေး ပလက်ဖောင်းတစ်လျှောက် လမ်းလျှောက်နေရင်း Kyung Soo အတွေးတွေ နယ်ချဲ့နေမိသည်။
အရင်က ဒီကားလမ်းမတွေမှာ Kyung Soo တစ်ယောက် ပြိုင်ကားကိုမောင်းရင်း ထင်တိုင်းကြဲနေခဲ့တာလေ။
အဲ့လိုထင်တိုင်းကြဲခွင့်ရအောင်လည်း ဦးလေးက ကြံစည်ပေးထားခဲ့တယ်မဟုတ်လားလေ။
အတွေးတွေပတ်လည်ဝိုင်းနေရင်း ရပ်ကွက်တစ်ပတ်ပတ်ပြီးသည့်နောက်တွင်တော့ ခြေထောက်တွေ တောင့်တင်းလာပြီမို့ အိမ်ပြန်ဖို့ ပြင်လိုက်သည်။
နေ့လည်ခင်းလည်း ရောက်နေပြီမို့ အဖိုးလည်း နေ့လည်စာစားဖို့ စောင့်နေလောက်ပြီပင်။
သူတို့ရပ်ကွက်က သူဌေးရပ်ကွက်ဖြစ်တာမို့ အတော်လေးတော့ ဆိတ်ဆိတ်ငြိမ်ငြိမ်ရှိလှသည်။
ခြေလှမ်းတွေကို ပုံမှန်သာ လှမ်းနေရင်း နားထဲ သဲ့သဲ့ကြားရတဲ့ စကားသံတွေကြောင့် ခြေလှမ်းတွေ တုန့်ခနဲ့ ရပ်သွားရသည်။
ခြေနှစ်လှမ်းလောက် နောက်ပြန်ဆုတ်လိုက်ရင်း လမ်းကြားလေးထဲ ခေါင်းစောင်းကြည့်မိတော့ လူငါးယောက်လောက်က တစ်စုံတစ်ယောက်ကို ဝိုင်းလို့ထားသည်။
" မင်းလိုဆင်းရဲသားက ငါတို့ သူဌေးရပ်ကွက်ထဲ ရောက်လာတယ်ပေါ့လေ.. ဘာလို့လဲ ကျောင်းမှာ ရိုက်ခံရတာ အားမရလို့ ဒီထိလာရိုက်ခံတာလား ဟမ်! ဒီနေရာက ဘယ်နေရာလဲရော သိရဲ့လား ကြီးကျယ်မြင့်မြတ်လှတဲ့ သခင်လေးDo ရဲ့ အိမ်ရှိတယ်ကွ! အခုပဲ ငါတို့ သူ့ဆီဆက်သွယ်လိုက်ရင် မင်း ဘာဖြစ်သွားမယ် ထင်လဲ "
နံရံကို မှီကာ ပြောစကားတွေကို နားထောင်နေရင်း သူ့နာမည်ကြားလိုက်ရတာမို့ Kyung Soo မျက်ခုံးတွေ ပင့်သွားရသည်။
ဆိုတော့ ဒီလူတွေက သူတက်နေတဲ့ ကျောင်းကလား...
" ဆက်သွယ်စရာမလိုဘူး ငါရောက်လာပြီ ဘာပြောဖို့လဲ "
လမ်းကြားထဲ အေးအေးလူလူ ဝင်သွားတဲ့ သူ့ကို အကုန်လုံးက လှည့်ကြည့်လာကြသည်။
YOU ARE READING
Rebirth As A Mafia's Bridegroom [카이수]
Fanfictionအရာအားလုံးဆုံးရှုံးပြီး နောက်ဆုံးမှာ ပြန်လည်မွေးဖွားလာခဲ့တယ် မာဖီးယားတစ်ယောက်ရဲ့ အိမ်ထောင်ဖက်အဖြစ်နဲ့ ~~~