Unicode
" အဖိုး ဟိုမှာနေရထိုင်ရတာ အဆင်ပြေရဲ့လား "
" ပြေပါ့ကွာ, မြေးရော ဘာလိုအပ်တာရှိသေးလဲ? တစ်ခုခု လိုအပ်တာရှိရင် မင်းအစ်ကို Jongin ကိုသာ ပြောလိုက်နော်, ဒီကလေးက မြေးကို ညီအရင်းလိုကို သံယောဇဥ်ရှိရှာတာ, အလုပ်ကိစ္စနဲ့ ဆက်သွယ်တိုင်း မြေးကို သူ စောင့်ရှောက်ပေးထားမှာမို့လို့ စိတ်ချလက်ချသာ ကုသမှုခံယူပါ,ဆိုပြီး ပြောနေတော့တာကွယ် "
" အော်... ညီအစ်ကိုလို သံယောဇဥ် ရှိရှာတာတဲ့လား "
ဖန်သားပြင်တစ်ဖက်ခြမ်းက အဖိုးကိုပြောရင်း ပြုံးစိစိနဲ့ အနောက်ဖက်ကို ကြည့်မိတော့ မီးဖိုနားမှာ အေပရွန်ကြီး စွပ်ထားပြီး ဟင်းချက်နေတဲ့ Kim Jongin က မျက်လုံးအပြူးသားနဲ့ ခေါင်းကို တွင်တွင်ခါပြလာ၏။
" ဟုတ်တယ် မြေးရဲ့.. သေချာပေါက် အစ်ကိုကြီးတစ်ယောက်လိုမျိုး ရိုသေလေးစားရမယ်နော်, အမြဲ ခံပက်ပြီး ရန်လုပ်မနေနဲ့ဦး "
" ဟုတ်ကဲ့ပါ, အဖိုးရဲ့ "
တစ်ခဏလောက် အဖိုးနဲ့ စကားဆက်ပြောလိုက်ပြီးနောက်မှာတော့ တစ်ဖက်က အဖိုးရဲ့ လေ့ကျင့်ခန်းလုပ်ချိန် ရောက်လာတာမို့ ဖုန်းချလိုက်ရသည်။
ဖုန်းချပြီး လှည့်အထွက် အနောက်ကနေ ရောက်လာတဲ့ Kim Jongin က ခါးကို ခပ်တင်းတင်း ပွေ့ဖက်လာကာ Kyung Soo နားသယ်စပ်ကို ခပ်ဖွဖွ နမ်းရှိုက်လာလေ၏။
" ဟိုး...ဟိုးထား ဆရာရေ! ညီအစ်ကိုတွေက ဒီလိုမျိုး နေလို့မရဘူးလေနော်, အဖိုးက အခုပဲပြောလိုက်တယ် မဟုတ်လား? Kim Jongin က ကျွန်တော့်ကို ညီအရင်းလေးလိုကို သံယောဇဥ်ရှိရှာတာတဲ့ "
ညီအရင်းဆိုတဲ့နေရာမှာ လေသံကို ဖိပြောလိုက်တော့ ကြားလိုက်ရတဲ့ ထိုလူခမျာ မျက်နှာကြီး ရှုံ့မဲ့လို့သွားလေ၏။
" Kyung Soo ကလည်းကွာ, ကိုယ် အဖိုးကို အဲ့ဒီ့ ညီအရင်းလို ဘာညာတွေ တစ်ခါမှ မပြောဖူးပါဘူးလို့ "
" အော်... အဲ့တာဆို ခင်ဗျားက ကျွန်တော့်ကို မစောင့်ရှောက်ချင်ဘူးပေါ့လေ "
YOU ARE READING
Rebirth As A Mafia's Bridegroom [카이수]
Fanfictionအရာအားလုံးဆုံးရှုံးပြီး နောက်ဆုံးမှာ ပြန်လည်မွေးဖွားလာခဲ့တယ် မာဖီးယားတစ်ယောက်ရဲ့ အိမ်ထောင်ဖက်အဖြစ်နဲ့ ~~~