ကျောင်း နှစ်ပတ်နားပြီးနောက်မှာ Kyung Soo လုံလုံလောက်လောက် အားအင်တွေပြည့်နေသလို ခံစားရသည်။
Kim Jongin နဲ့ အတူတူ အပြင်လျှောက်သွားလိုက်.. တစ်ခါတစ်လေ Kim Jongin ချက်ကြွေးတာတွေ စားလိုက်နှင့် နှစ်ပတ်ဆိုသည့် အချိန်ကာလက မည်သို့မည်ပုံ ကုန်သွားမှန်းပင် မသိလိုက်။
Kim Jongin သူ့ခံတွင်းကို နှစ်ပတ်လောက် အကျင့်ဖျက်လိုက်တာမို့ အခု ကျောင်းကန်တင်းမှာ ပြန်စားရသည့်အခါ ဟိုဟာလို သလိုလို ဒီဟာ လိုသလိုလိုပင် ဖြစ်လာရသည်။
သူ့ရှေ့မှာ ထိုင်စားနေသည့် Jae Young ကတော့ သူမစားပဲ ပုံထားသည့် အရွက်ကြော်တွေကို တူနဲ့ ခပ်တည်တည် လှမ်းနှိုက်ကာ စားတော်မူလို့နေသည်။
စားပြီးသွားတော့ Jae Young နဲ့ အတူတူ အခန်း (၁) ဆီကို ပြန်လာလိုက်သည်။
ပုံမှန်ဆို Kyung Soo က အခန်း(၃) မှာပေမယ့် လက်ထောက်ဆုန်း ဘယ်လိုကြိုးပမ်းလိုက်သည်မသိ။
Kyung Soo ခမျာ ကျောင်းပြန်တက်သည့် နေ့မှာပင် အခန်း(၁)သို့ အော်တိုမစ်တစ် ခုန်ပျံကျော်လွှားကာ Jae Young ဆိုသည့် ငတုံး၏ ထိုင်ခုံဖော်ပင်ဖြစ်လာခဲ့သေးသည်။
အတန်းထဲပြန်ရောက်တော့ Kyung Soo စားပွဲဆီကို လှမ်းကြည့်လိုက်မိသည်။ ထူးထူးဆန်းဆန်း Kyung Soo စားပွဲပေါ် ကိတ်ဗူးလေး တစ်ဗူး ရောက်လို့နေသည်။
နေရာမှာ ဝင်ထိုင်လိုက်ရင်း ကိတ်ဗူးကို ကြည့်ပြီးနောက် ရှေ့ခုံမှာ စာရေးနေတဲ့ အတန်းခေါင်းဆောင်ကို လှမ်းမေးလိုက်သည်။
" ဟေ့... အတန်းခေါင်းဆောင်... ငါ့ခုံနား ဘယ်သူလာတာ တွေ့သေးလဲ "
" အဲ့ဗူးက အခန်း(၂)က Lee Ji Ah ထားသွားတာ... မင်း မသိမှာစိုးလို့ သူထားသွားတာပါလို့ ပြောပေးဖို့တောင် မှာသွားသေးတယ် "
အတန်းခေါင်းဆောင်က မျက်မှန်ကို ပင့်တင်ကာ ပြောပြီးနောက် ရှေ့ခုံကိုတောင် ပြန်မလှည့်ပဲ ကိတ်ဗူးကို Kyung Soo စားမစား သိချင်စိတ် အပြည့်နှင့် ကြည့်လို့နေသည်။
YOU ARE READING
Rebirth As A Mafia's Bridegroom [카이수]
Fanfictionအရာအားလုံးဆုံးရှုံးပြီး နောက်ဆုံးမှာ ပြန်လည်မွေးဖွားလာခဲ့တယ် မာဖီးယားတစ်ယောက်ရဲ့ အိမ်ထောင်ဖက်အဖြစ်နဲ့ ~~~