Episode 13

1.7K 211 15
                                    


" မင်းတို့​တွေ ​ကျောင်းကို ဘာထင်​နေကြတာလဲကွ!!!..  ဒါ ​ကျောင်းကွ! ​ကျောင်း! လက်​​ဝှေ့ကြိုးဝိုင်းမဟုတ်ဘူး "

​ကျောင်းရုံးခန်းထဲက ထွက်လာတဲ့ ​ကျောင်းအုပ်ကြီးရဲ့ အသံ​ကြောင့် အပြင်က ​ချောင်းနား​ထောင်​နေကြတဲ့ ​ကျောင်းသားအချို့ပါ ဆတ်ခနဲ တုန်လို့သွားသည်။

ရုံးခန်းထဲမှ ရှိ​နေသည့် တရားခံ​လေးများက​တော့ သူတို့ကို ​ပြော​နေတာ မဟုတ်သလိုပင် မထုံတတ်​တေး မျက်နှာ​ပေးများနှင့်..

ထိုသူများကလည်း အခြားမဟုတ်ကြ​​...

​နာမည်​ကျော်ပုဂ္ဂိုလ် Do Kyung Soo နှင့် တကွ အခန်း (၇)မှ ရန်သတ်​ဖော်များပင်...

Do Kyung Soo က မျက်ခုံးနား ​​သွေးစို့​နေတဲ့ ဒဏ်ရာနဲ့အတူ  မတ်မတ်ရပ်​နေ​ပေမယ့် ​​ဘေးက Jae Young က​တော့ မျက်နှာတစ်ခု​လုံး ဖူး​ယောင်လို့​​နေသည်။

အခြားတစ်ဖက်တွင် ရပ်​နေကြတဲ့ အခန်း(၇) မှ ​ကျောင်းသားများက​တော့ ​သွေးထွက်သံယိုနှင့် ကြည့်ချင်စရာကို ရှိမ​နေခဲ့​ပေ။

လက်သည်တရားခံက​တော့ စိတ်ရှိလက်ရှိ ရိုက်နှက်ခဲ့သည့် Do Kyung Soo ပါ​ပေ။

​​ဒေါသတလူလူထွက်​နေသည့် ​ကျောင်းအုပ်ကြီးက ထိုအဆိုးအ​ပေ​များကို ကြည့်ကာ ရှင်သန်ချင်စိတ်ကုန်ခမ်းသွားသည့်ဟန်ဖြင့် သက်ပြင်းတစ်ချက်ချသည်။

အဖြစ်အပျက်​​​​တွေက​တော့ လွန်ခဲ့တဲ့ တစ်နာရီခန့်လောက်က စတင်ခဲ့တာဖြစ်သည်။

_______________

Kyung Soo ဒီ​နေ့ ​ကျောင်းကို ​စော​ရောက်တာမို့ အခန်း(၁) ဘက်သွားပြီး Jae Young ကို သွားရှာလိုက်သည်။

အခန်း​ထဲ​နေလည်း တစ်​ယောက်တည်းဖြစ်​ပြီး ပျင်းနေတာမို့ သွားရှာဖြစ်တာပင်။

အခန်း(၃)​ရှေ့​ရောက်​တော့ အခန်းထဲ ​ဝေ့ကြည့်လိုက်ပြီးသည့်​နောက် မျက်​​မှောင်တစ်ချက် ကျုံ့လို့သွားသည်။

​နေရာမှာ လွယ်အိတ်ရှိ​နေပြီး လူက ရှိမ​နေ...

ခုံ​ပေါ်မှာလည်း စာအုပ်​တွေက ဖြစ်သလို ပြန့်ကျဲလို့​နေသည်။

Rebirth As A Mafia's Bridegroom [카이수]Where stories live. Discover now