Episode 07

2.2K 229 6
                                    


ဒီ​နေ့က တနင်္ဂ​​နွေမို့ Kyung Soo အိပ်ရာထ ​နောက်ကျသည်။

မနက်စာစားဖို့ ဆင်းလာ​တော့ အဖိုးက စားလို့ ပြီး​နေပြီဖြစ်တဲ့ အပြင် Company သွားဖို့​တောင် အဆင်သင့်ဖြစ်​​နေပြီ။

"အဖိုး ဒီ​နေ့ Company မှာ ကိစ္စရှိလို့လား "

" အင်း အစည်းအ​ဝေး အ​သေးစား​​လေးပါ ​မြေး လိုက်ချင်လား "

Kyung Soo ခဏ ​တွေး​တောလိုက်ပြီးမှ ​မေးကြည့်လိုက်သည်။

" ဦး​လေး​ရော အဲ့မှာ ရှိမှာလား "

" မရှိဘူး ​မြေးက ဘာလို့ ​အဲ့လို​မေးတာလဲ "

" ဘာလို့မှ မဟုတ်ပါဘူး သိချင်လို့ပါ ... ကျွန်​​တော် သွားစရာရှိလို့ မလိုက်​​တော့ဘူး​နော် အဖိုး "

" မင်း ဦး​လေးဆီ သွားမလို့လား "

" ဟုတ် "

Kyung Soo အ​ဖြေကိုကြား​တော့ အဖိုးက သက်ပြင်းချသည်။

" ​မြေး..  အဖိုး မင်းကို ပိတ်ပင်တာ​တော့ မဟုတ်ပါဘူး မင်း.. မင်း ဦး​လေးနဲ့ အတတ်နိုင်ဆုံး မဆက်သွယ်တာ ​ကောင်းလိမ့်မယ်.. အခု Company မှာ သူနဲ့ ပက်သက်လို့ သတင်း​​တွေက.. "

" ကျွန်​တော် နားလည်ပါတယ် အဖိုး... ကျွန်​တော် အရင်ကလို မိုက်တိမိုက်ကန်း ​နေမယ့်လူ မဟုတ်​တော့ပါဘူး .. သူ့​ဆီ သွားတယ် ဆိုတာကလည်း ခဏတဖြုတ်ပါပဲ အဖိုးစိတ်ပူ​နေတာကို ကျွန်​တော် နားလည်ပါတယ် "

" ဟုတ်ပါပြီ ငါ့​မြေးဘက်က ​သေချာတယ်ဆို ပြီးတာပါပဲ မတား​တော့ပါဘူး အဖိုး သွား​တော့မယ် "

" ဟုတ်..  "

____________________

အဖိုးထွက်သွားတာနဲ့ မနက်စာကို ခပ်သုပ်သုပ်စားကာ အခန်းထဲ ပြန်ပြီး အပြင်ထွက်ဖို့ ပြင်ဆင်လိုက်သည်။

ပြင်ဆင်ပြီးတဲ့​နောက် ​​အောက်ထပ်ဆင်းကာ ကား​မောင်းသွားဖို့ ​တွေးလိုက်ပြီးမှ ဂို​ထောင် ​ထောင့်နားမှာ ရပ်ထားတဲ့ ဆိုင်ကယ်ကို သတိရသွားသည်။

Kyung Soo က အရင်တည်းက ဆိုင်ကယ်စီးရတာ သိပ်ကြိုက်ခဲ့တာဖြစ်သည်။

အရင်ဘဝကလည်း အဖိုးကို ဆန့်ကျင်ကာ မကြာခဏ ဆိုင်ကယ်တစ်စီးနဲ့ ရမ်းကားခဲ့ဖူးသည်။

Rebirth As A Mafia's Bridegroom [카이수]Where stories live. Discover now