" အိုင်း! Do Kyung Soo အဲ့ဒီ့ ဖြီးနေတဲ့ မင်းမျက်နှာကြီးကို ပြန်ပြင်ပေးလို့ရမလားကွာ "
Jae Young အမေရဲ့ ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲစားနေရင်း ဖုန်းကြည့်ပြီး ပြုံးနေတဲ့ Kyung Soo ကို ကြည့်ကာ Jae Young က စားပွဲထိုးရင်း အော်ဟစ်လို့သွားသည်။
သို့သော်ငြား Kyung Soo ကတော့ ဂရုမစိုက်ပါလေ။
ကိုယ်ရည်းစားနဲ့ ပက်သက်လို့ ကိုယ်ပြုံးတာ ဘယ်သူ့ကို သံတော်ဦး တင်နေရဦးမှာတုန်း!
အခြားမြို့မှာ အစည်းအဝေးရှိနေသည်ဆိုသည့် အနှီ Kim Jongin က Kyung Soo စာတွေကို စက္ကန့်မခြား reply ပြန်နေတာမို့ လူက အလိုလိုက်ခံရသည့် ခံစားချက်မျိုးနှင့် အူတရွှင်ရွှင်။
ခေါက်ဆွဲစားပြီးသည့် အချိန်တွင်တော့ Kim Jongin ကလည်း အစည်းအဝေးပြီးပြီဟု ဆိုလာသည်မို့ လွယ်အိတ်ဆွဲကာ Jae Young ကို တစ်ချက် ပိတ်ကန်ပြီး ဆိုင်ပြင်ပြေးထွက်လာလိုက်သည်။
Bluetooth earphone ကို နားမှာ တပ်ကာ ဖုန်းခေါ်လိုက်ရင်း အိမ်ပြန်လမ်းကို ဦးတည်လိုက်သည်။
ဒါက ပုံမှန်လိုပင်။ Kim Jongin လာမကြိုနိုင်သည့် ရက်တွေမှာ အိမ်ရောက်တဲ့အထိ ဖုန်းပြောပြီး အချိန်တွေကုန်ဆုံးနေကြပင်။
ယခုလည်း ထိုအတိုင်းပင်။ တစ်နေ့တာ အကြောင်းတွေ ပြောနေရင်း လမ်းကို ဖြည်းဖြည်းချင်း လျှောက်နေတာဖြစ်သည်။
လမ်းတစ်ဝက်လောက် အရောက်မှာတော့ Kyung Soo ခြေလှမ်းတွေ ရပ်လို့သွားသည်။
အနောက်မှာ လူနှစ်ယောက်ထပ်ပိုပြီး ပါလာတာကို ခံစားမိလို့ပင်။
ကျောင်းပေါက်ဝတည်းက ပါလာတာပေမယ့် လမ်းသွားလမ်းလာလို့ပဲ ထင်ခဲ့မိတာ.. အခုတော့ ပစ်မှတ်က သူကိုယ်တိုင်မှန်း သေချာလို့ သွားလေပြီ။
သွားနေတဲ့ လမ်းကြောင်းကို ပြောင်းပြီး လူရှင်းသည့် နေရာကို ဦးတည်လိုက်သည်။
" Kim Jongin ~ "
" ဟမ်!.."
" ကျွန်တော် ခဏနေမှ ပြန်ခေါ်လိုက်မယ် "
![](https://img.wattpad.com/cover/283620235-288-k958243.jpg)
YOU ARE READING
Rebirth As A Mafia's Bridegroom [카이수]
Fanfictionအရာအားလုံးဆုံးရှုံးပြီး နောက်ဆုံးမှာ ပြန်လည်မွေးဖွားလာခဲ့တယ် မာဖီးယားတစ်ယောက်ရဲ့ အိမ်ထောင်ဖက်အဖြစ်နဲ့ ~~~