" Do Kyung Soo က တကယ်ကြီး အမှတ်တွေ တက်လာတာလား.. "ကျောင်းရဲ့ ကော်ရစ်ဒါတစ်လျှောက် ကြိတ်ကြိတ်တိုးနေတဲ့ ကျောင်းသားတွေထဲကနေ အသံတွေ ကျွတ်စီကျွတ်စီနဲ့ ထွက်လို့လာသည်။
ကြော်ငြာသင်ပုန်းမှာ ကပ်ထားတဲ့ အမှတ်စာရင်းထဲမှာ Do Kyung Soo ဆိုတဲ့ နာမည်က အရင်လတွေတုန်းကထက် ၂၀လောက် ခုန်တက်လာတာဖြစ်သည်။
" ငလူး!!! တကယ်ကြီး သူ့နာမည်ပဲကွ!... "
" သူ ခိုးချထားတာ ဖြစ်လောက်လား"
" ဆရာ ဆရာမတွေကိုများ တစ်ခုခု လာဘ်ထိုးထားတာလား ... "
သင်ပုန်းရှေ့ပိတ်ရပ်ကာ အတင်းပြောနေကြတဲ့ လူအုပ်ကြီးက သူတို့နဲ့ ခြေလှမ်းအနည်းငယ် အကွာမှာ ရပ်နေတဲ့ Kyung Soo ကိုတော့ဖြင့် သတိမထားမိကြ။
အေးစက်စက်နဲ့ ခံစားချက်မဲ့နေတဲ့ မျက်နှာထားကို တပ်ဆင်ထားကာ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်လို့ ရပ်နေတဲ့ သူ့ကို ကျောင်းသားတစ်ယောက်ကသာ အမှတ်မထင် မြင်လို့သွားပုံရသည်။
" ... Do....Do Kyung Soo! "
ထိုအသံကို ကြားတော့မှ တိခနဲ ငြိမ်ကျသွားတဲ့ လူအုပ်ကြီးက Kyung Sooဆီ ခေါင်းလည်လို့ ကြည့်လာကြသည်။
အကုန်လုံးက လူသတ်လိုစိတ်အပြည့်ပါတဲ့ အငွေ့အသက်တွေနဲ့ အေးစိမ့်သွားတဲ့ လေထုကို အာရုံခံစားမိလိုက်ကြပုံရသည်။
အီးအီးအဲအဲ အသံပြုရင်း လူစုခွဲလို့ ပြေးသွားကြသည်မှာ အလင်းအလျင်ထက်တောင် မြန်နိုင်သေးသည်။
သင်ပုန်းရှေ့ လူရှင်းသွားပြီဆိုမှ Kyung Soo ရှေ့တိုးလာရင်း အမှတ်စာရင်း ကြည့်လိုက်သည်။
အရမ်း မကြိုးစားခဲ့ပေမယ့် အနည်းငယ်အာရုံစိုက်လိုက်တာမို့ အမှတ်တွေ တက်လာတာတော့ အမှန်ပင်ဖြစ်သည်။
" အမှတ်တွေ တက်လာတာပဲ "
နောက်ကထွက်လာတဲ့ အသံကို နားထောင်လိုက်တာနဲ့ Lee Ji Ah ဆိုတာ သိနှင့်ပြီးသားပင်။
ဒီမိန်းမက ဒီရက်ထဲ Kyung Soo နား တစ်တည်းမဟုတ် တစ်နည်းနဲ့ ပေါ်လာနေတတ်တာ ဖြစ်သည်။
![](https://img.wattpad.com/cover/283620235-288-k958243.jpg)
YOU ARE READING
Rebirth As A Mafia's Bridegroom [카이수]
Fanfictionအရာအားလုံးဆုံးရှုံးပြီး နောက်ဆုံးမှာ ပြန်လည်မွေးဖွားလာခဲ့တယ် မာဖီးယားတစ်ယောက်ရဲ့ အိမ်ထောင်ဖက်အဖြစ်နဲ့ ~~~