မြို့အနောက်ဘက်မှာရှိနေတဲ့ ဂိုထောင်ထဲ သွေးညှီနံ့က လှိုင်လှိုင်ထလို့နေသည်။မျက်စိရှေ့က သွေးသံတရဲရဲ မြင်ကွင်းကို ကြည့်ရင်း လက်ထဲက ဆေးလိပ်ကို တစ်ချက်ဖွာလိုက်သည်။
ဘားတန်းမှာ ကြိုးနဲ့ ချိတ်ဆွဲခံထားရတဲ့ သစ္စာဖောက်နဲ့ ကြာပွတ်ကို ကိုင်ကာ ရပ်နေလေတဲ့ KAI
Kelvin ထိုနေရာမှာပဲ ဆေးလိပ်သုံးလိပ် ကုန်တဲ့အထိရပ်ရင်း အေးအေးလူလူစောင့်နေပေးခဲ့သည်။
ထို့နောက်တွင်တော့ သွေးစက်လက်ကျနေတဲ့ ကြာပွတ်ကို ပစ်ထုတ်လိုက်တဲ့ KAI ဆီ လျှောက်လာကာ မေးငေါ့ပြလိုက်သည်။
" ကျေနပ်ပြီလား "
" မဆိုးပါဘူး.... သစ္စာဖောက်ခံရတာနဲ့ တန်အောင်တော့ လုပ်ပြီးသွားပြီ "
" နောက်ဆက်တွဲက??? "
" ကျားစာကျွေးလိုက် "
KAI ရဲ့ စကားဆုံးတာနဲ့ အငယ်တွေကတော့ အလိုက်တသိ ဂိုထောင်နဲ့ ခပ်လှမ်းလှမ်းက စံအိမ်ဆီ ထိုခန္ဓါကိုယ်ကို ဆွဲထုတ်လို့သွားသည်။
ယခုလေးတင် အသက်မျော့မျော့ကျန်နေသေးသည့် သူက ခဏလောက်ကြာလျှင်ပင် စံအိမ်မြေအောက်ခန်းထဲက ကျားတွေအတွက် လတ်လတ်ဆတ်ဆတ် အစာဖြစ်တော့မှာကို တွေးမိတော့ တစ်ချက်ရယ်လိုက်မိသည်။
ဒါက သူတို့ကျင်လည်ရာလောကပဲဖြစ်လိမ့်မည်။
အထူးသဖြင့် သူငယ်စဥ်ကတည်းက ကျင်လည်ခဲ့ရသည့်လောကပေ။ ~
" မင်း အားလား "
" ဘာဖြစ်လို့လဲ "
KAI ရဲ့ ထူးထူးဆန်းဆန်း အမေးကြောင့် Kelvin မျက်ခုံးပင့်သွားရသည်။
" ကားလိုက်မောင်းပေး "
" ဟေး!!! ငါမင်းရဲ့ driver မဟုတ်.... "
သူပြောလို့တောင် မဆုံးသေး .. ထို KAI ဆိုသည့် ပုဂ္ဂိုလ်က ဂိုထောင်အပြင်ရောက်လို့သွားလေပြီ။
လက်ပေါက်ကပ်တဲ့ ခေါင်းဆောင်ဟုဆိုရအောင်လည်း သူနဲ့ သိပ်မထူးခြားနားပေ။
YOU ARE READING
Rebirth As A Mafia's Bridegroom [카이수]
Fanfictionအရာအားလုံးဆုံးရှုံးပြီး နောက်ဆုံးမှာ ပြန်လည်မွေးဖွားလာခဲ့တယ် မာဖီးယားတစ်ယောက်ရဲ့ အိမ်ထောင်ဖက်အဖြစ်နဲ့ ~~~