part2.5

35.3K 2.6K 48
                                        

အချိန်အားဖြင့်၅လအကြာ

၅လအတွင်းမှာပြောင်းလဲသွားတာဆိုလို့
ဟာရန်ဘဲရှိတယ် ဘာပြောင်းလဲ လဲဆိုရင်
ကိုယ်ဝန် ၃လ နဲ့ဗိုက်ပူလေးဖြစ်လာတာဘဲ
ဗိုက်ပူလေးဖြစ်တဲ့နေ့နောက်ရပ်မှာဘဲ
မိဖုရားခေါင်ရာထူးကိုရလိုက်သည်။

ချီယုံကျဲကတော့ကျိတ်မနိုင်ခဲမရဖြစ်ပေမယ့်
မင်းသားနဲ့လဲအမြဲခိုးစားနေကြဖြစ်သည်၊

ဟာရန်မျက်နှာကိုဖျက်စီးဖို့ အလှစီထဲအဆိပ်
ထည့်တာမ​အောင်မြင်လိုက်တာကြောင့် ခုတော့အပြီးရှင်းရန်ကြံနေသည်။ဟာရန်ကို လုပ်ကြံဖို့ စားဖိုဆောင်သွားကာမိဖုရားခေါင် တွက်ဟင်းပွဲထဲ ထည့်လိုက်သည်။

*ဟဟ နင် ဒီနေ့သေနေ့စေ့ပြီး မိဖုရားခေါင်နေရာကငါ့နေရာ *

နန်းဆောင်တွင်

"အဲ့စာဘဲဖက်နေတော့မှာလား "

"ဘာဖြစ်လို့လဲ ဖက်ထုပ်လေး "

"အမလေး အမေရေ...သားအဖြစ်ကိုကြည့်ပါအုံး လင်ဖြစ်သူက နဲနဲလေးမှဂရုမစိုက်ဘဲ
စာဘဲဖတ်နေတယ် "

"ကျွတ်ကျွတ် ကိုယ့်ရဲ့ဖက်ထုပ်လေးမငိုနဲ့
ငိုရင် အထဲက ချဉ်ဖက်လေး က ရုပ်ဆိုးမယ် "

"မအေဘေး ဘဲကြီး ကျုပ်ကလေးကိုဘာ
ချဉ်ဖက်လဲ"

"အော် ကလေးရယ် အဲ့ချဉ်ဖက်ကြောင့်
ကလေးလေးက နေရထိုင်ရအဆင်မပြေဘူးမလား"

"ကျုပ်ကလေးကိုများ ဒါဆိုခများက အီးတုံးကြီး
ဗြဲ အမေရေ အမေ့သားမတ်က သားကိုနဲနဲမှဂရုမစိုက်ဘူး"

ပုတု တစ်ယောက်နားပိတ်ကာသူ့host ကိုကြည့်နေသည်။ဗိုက်ကြီးတာသိထဲက ခန်းကျန့်က
နန်းဆောင်တစ်ခုလုံးအမွှေးပွတွေခင်းထားပေး တစ်ချိန်လုံးလဲချီထားပြီး အပေါ့အလေးကအစ အကုန်လုပ်ပေးတာတောင် ဟိုရစ်စိန်က တဗြဲဗြဲနဲ့နားကိုငြီးအောင်ငိုတတ်သည်။အပြင်က
အစောင့်တွေအပျိုတော်တွေဆို ဂွမ်းစို့ထား
ကာနေရသည်။

ခန်းကျန့် သူ့ရဲ့ဖက်ထုပ်လေးကိုအသံတိတ်သွားလို့ကြည့်လိုက်တော့ ဝတ်ရုံအောက်ဝင်ပြီး
နို့စို့နေပြန်တာတွေ့လိုက်ကသည်။
ဖက်ထုပ်ချဉ်ချင်းတက်တာကအထူးဆန်း သူ့နို့ကိုစို့မှကျေနပ်တယ်တဲ့ ....

System Putu (Completed)Where stories live. Discover now