part 2.3

37K 2.6K 117
                                        

မင်းကြီးနဲ့ကြင်ယာတော်လီ ညက တူတူ
လေညှင်းခံတဲ့အကြောင်းဟာ မနက်ရောက်တော့ တစ်နန်းတော်လုံး သိကုန်သည် ထူးဆန်းလို့လားမမေးနဲ့ အဲ့ဒီမျှော်စင် ကို ကိုယ်မြတ်နိုးသူနဲ့သာ တက်ရတာဖြစ်ပြီး မင်းကြီးတိုင်းကလဲ
မိဖုရားခေါင်နဲ့အချစ်ဆုံးသူတစ်ဦးကိုသာခေါ်
တက်ကြတာကြောင့်ဖြစ်သည်။

"တောက်.... အဲ့ကောင်က ငါ့ထက်ဘာသာနေလို့လဲ "

"ဘာတွေဒေါသထွက်နေတာလဲ "

နောက်ကအသံကြောင့်ယုံကျဲ ကြည့်တော့
မင်းသားလောင်ဟန်ဖြစ်နေသည်။

"အာ...မင်းသားကိုဂါရဝပြုပါတယ် "

"မလိုပါဘူး ကြင်ယာတော် ဂါရဝမပြုပါနဲ့"

"အဲ့လိုလဲမဟုတ်ပါဘူး ဒါနဲ့မင်းသားဘာကိစ္စရှိလို့လဲ"

"ဒီတိုင်းကြင်ယာတော်ကိုတွေ့ချင်လို့"

လောင်ဟန်စကားကြောင့်ယုံကျဲမျက်နှာ
ပန်းရောင်သန်းသွားရသည်

(Host ထသင့်နေပြီး)

(၅မနစ်ကွာ)

(Host အဲ့လိုပြောနာ နာရီဝက်ရှိနေပြီး)

(. ....)

(Host မထရင် host လင်ကို ဟိုကမြူစွယ်တော့မယ်နော်)

(ဘာာ...မဖြစ်ဘူး ငါအရင် မင်းကြီးစီသွားရမယ်)

ဟာရန်လဲ ကိုယ်လက်သန့်းစင်ပြီးတာနဲ့သားဖိုဆောင်မှာသွားကာ စားစရာချက်ပြုတ်တော့သည်

(ချစ်ခြင်းအစ အစာအိမ်ကတဲ့)

(Host ဆိုင်လို့လား)

(မသိဘူးလေ ငါ့တွက်ကတော့ အဲ့လိုဘဲ)

နာရီဝက်ကြာပြင်ဆင်ပြီးစားစရာတွေနဲ့ မင်းကြီးနန်းဆောင်ရောက်ချလာသည်

"ကြင်ယာတော်လီရောက်ရှိကြောင်းပါ"

*အာပြဲခြောက်လိုဘဲ အသံကိုက
နားပါအူတယ်*

"ဝင်ခဲ့"

ဟာရန်အထဲဝင်တော့ သူ့ထက်အရင်ရောက်နေတဲ့ ယုံကျဲ ကိုတွေ့လိုက်ရသည်။

"မင်းကြီးကိုဂါရဝပြုပါတယ် "

"ခန်းကျန့်လို့ခေါ်ဖို့ပြောထားတယ်လေ "

System Putu (Completed)Où les histoires vivent. Découvrez maintenant