part5.3

28.2K 2.1K 87
                                        

"ဟားဟား...ဘာလဲ ယောဘောလို့ခေါ်ချင်တာလား"

"မစနဲ့နော် ဘဲကြီး "

"ခ်ခ်"

"ဒီသားဖတွေငါ့ကိုလှောင်တာလား...အဲ "

ချိုဟော့ပါးစပ်ကသားဖဆိုပြီး ယောင်ကာထွက်သွားသည်၊ တော်သေးတယ် နမ်စောင်သတိမထားမိလို့

အိမ်စေတွေကတော့ အံ့သြနေသည်
သူဌေး က ကလေးကိုပွေ့ကာနမ်းပြီး ရီနေသည်။
သူတို့တစ်ခါမှခုလိုမမြင်ဖူးပေ။ မသိရင်
မိသားစုလေးလိုဘဲသူတို့ပါကြည်နူးရသည်။

ထိုသို့ ပျော်ရွင်မှူလေးဟာ အဖျက်သမားကြောင့်ပျက်ရသည်

"အစ်ကိုနမ်စောင်ဘာတွေပျော်နေတာလဲ"

(ပုတု အဲ့တာ ဇာတ်လိုက်မလား)

(ဟုတ်ပါတယ် host)

ယွန်ဆောင်းဟွန် သူဌေးကိုလာကြည့်ချိန်
အရင်ကလိုတိတ်ဆိတ်မနေဘဲ ရီသံတွေကြောင့်ထမင်းစားခန်းထဲဝင်လာ တော့ နမ်စောင်နဲ့
ကောင်လေးတစ်ယောက်ကိုတွေ့ရပြီး
နမ်စောင်ကကျောပေးထားရကာနေလှည့်ကြည့်လာတော့ ရင်ခွင်ထဲမှာလဲ ကလေးလေး
တစ်ယောက် ကိုပါမြင်လိုက်ရသည်။

"အော် ဆောင်းဟွန်ဘာကိစ္စလဲ "

"ကျမ အစ်ကို့ ကိုလာကြည့်တာပါ ဒါနဲ့ ကလေးက "

"မိတ်ဆက်ပေးရအုံးမယ် ဒါက ငါ့ကိုစောင့်
ရှောက်ဖို့ ငှါးထားတဲ့ သူလေ မင်းဘဲ ခန့်ထားတာမလား"

"ကျမ မအားလို့ လက်ထောက်နဲ့လွဲထားတာ "

"အော် ဖက်ထုပ်ကြီး ဒါက ကိုယ့်အတွင်းရေးမှူး
ယွန်ဆောင်းဟွန် တဲ့ ဆောင်းဟွန် ဒါက
မင်ချိုဟော့ ဒါလေးက ချိုဟော့သားလေး "

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် မောင်လေး"

"ဟုတ် "

"သူဌေးထမင်းလဲမကုန်ဘူး ကျမခွန့်ပေးရမလား
အဲ့ကလေးချထားလိုက် "

ကလေးကိုအကြည့်စူးစူးပို့ပြီး ပြောလာသည်
ချိုဟော့က...

"ဟို..သားကိုကျတော့်ကိုပေးပါ ထမင်းဆက်စားလိုက် "

"မပေးဘူး ကိုယ်ချီထားမယ် ဖက်ထုပ်ကြီးက
ထမင်းခွန့် ဟုတ်တယ်မလား ဖက်ထုပ်လေး"

System Putu (Completed)Donde viven las historias. Descúbrelo ahora