part7.6

28.4K 2.1K 63
                                        

နေမင်းပြုံးလိုက်ပြီး ဘေးကရေကိုသောက်ကာ
ဆက်ပြောသည်။

"Human Being, Human Right ဆိုတာကို
လက်သုံးထားပြီးတော့ ဒီလိုဘဲဆက်ခွဲခြားနေ
ရင် This is just a word or sentence ဘဲ
ဝဋ်ကြွေးလို့ဘယ်သူပြောလဲ ပြောရကြေးဆို
Gay တွေအခြောက်တွေက သူများသားသမီး
စော်ကားလို့ နိမ့်ကျတဲ့မိန်းမစိတ်ဝင်တာဆို
ယောကျာ်းစိတ်ပေါက်နေတဲ့မိန်းမတွေကရော
ပြောကြည့်လေ သူတို့ကျ ဘာလို့ မြင့်မြတ်တဲ့
ယောကျာ်းလိုနေရတာလဲ ဒါကိုကျ ဘာလို့
ဝဋ်ကြွေးလို့မပြောတာလဲ ဝဋ်ကြွေးဆိုရင်
တောင်ငါတို့ကလှပတဲ့ဝဋ်ကြွေးဘဲ
လူတိုင်း ချစ်တတ်တဲ့နှလုံးသားပါတယ်
ဒါပေမယ့် မျိုးတူကို ချစ်တာဘဲကွဲသွားတာ
ငါတို့က ငါတို့ဖြစ်တည်မှူကိုရဲရဲဝံ့ဝံ့ထုပ်ပြရဲတယ်
ပြီးတော့ gay ဆိုတာနဲ့ ကုတင်ပေါ်ပြေးမမြင်နဲ့
မင်းတို့ကျတော့ရော မိန်းကလေးတွေရဲ့
အပျိုရည်ကိုဖျက်ပြီးအတည်မယူဘူး
ဒါကျယောကျာ်းမြတ်လား အဲ့လိုပြောရင်နာ
တယ်မလား မင်းတို့ပြောပါသေးတယ်
အနောက်နိုင်ငံမှာဆို ချစ်သူတွေက တူတူနေတာတဲ့ ဟုတ်ပြီးဒါဆို gay တွေကိုလဲနားလည်
ပေးလေ Love ပြီးရင် sex ကပါလာမှာဘဲ မင်းတို့ကျရည်းစားထားပြီး ပုတီးစိတ်နေကြလို့လား"

"ခွီးး"

ကြည်နူး live လွင့်ရင်းရီလိုက်သည်။

(ပုတု ငါဘုန်းကြီးဝတ်ပြီးတရားဟောစားလို့ရလား ငါကပါးစပ်ထဲရှိရာလျောက်ပြောနေတာ)

(ဆက်ပြောhost)

"အဟမ်း ငါကငါ့ဖြစ်တည်မှူကိုစိတ်မပျက်ဘူး
လူဖြစ်ရှုံးတယ်လို့လဲမတွေးဘူး gay ဆိုတာ
လိင်စိတ်ခံယူမှူကြောင့်လဲ ဖြစ်မယ်
အချစ်ကြောင့်gay သွားတာလဲ ဖြစ်မယ်
ငါကတော့ သူ့ကို gay မို့ချစ်မိတာမဟုတ်ဘဲ
ချစ်မိသွားလို့ gay သွားတာ "

ဇွဲက ဘာမှပြန်မပြောနိုင်ပေ။ နေမင်း
ပြောတာအမှန်ကြီးဘဲ ဘာလို့ခွဲခြား နေမှာလဲ
အချစ်က အချစ်ဘဲလေ။

မဟာ ကျောင်းpage က live ကိုကြည့်ရင်းပြုံး
လိုက်သည်။ သူ့အရိုင်းတုံးလေးက ဒါလဲ
တတ်တာဘဲ သူအခန်းထဲကထွက်ကာ
ဖက်ထုပ်လေးစီသွားလိုက်သည်။

System Putu (Completed)Where stories live. Discover now