part9.1

25.8K 1.9K 104
                                        

ဇာတ်ကြောင်က

ဇာတ်လိုက်နာမည်က God ဖြစ်ပြီး Alpha
တစ်ယောက်လဲဖြစ်ကာ IT ကုမ္ပဏီရဲ့ပိုင်ရှင်
တစ်ဦးဖြစ်သည်။ဇာတ်လိုက်မက မာရီယာ
ဖြစ်ပြီး Omegaတစ်ယောက်ဖြစ်သည်။
သူတို့နှစ်ယောက်ဟာ ဂိမ်းဆော့ရင်းချစ်သူ
ဖြစ်ခဲ့ကြတာဖြစ်သည်။ တစ်နေ့ ရှော့ဖြစ်ပြီး
ဂိမ်း​ဆော့တဲ့သူအားလုံးgame ထဲရောက်သွား
ကြသည်။ game က ဇွန်ဘီဂိမ်းဖြစ်ပြီး
ဇာတ်လိုက်ဟာ သူ့ချစ်သူကိုစိတ်ပူပြီးရှာရင်း
လမ်းမှာတွေ့တာကြောင့် စခန်းကိုခေါ်သွားခဲ့
သည်။ ဇာတ်လိုက်မက ကုသရေးစွမ်းအင်ပါတာ
ကြောင့် ဆေးကုသဆောင်မှာနေရသည်။
အခက်ခဲတွေတူတူကျော်ဖြတ်ပြီး နောက်ဆုံး
ဂိမ်းထဲက အဓိက ခေါင်းဆောင်ဇွန်ဘီကို တူတူသတ်ပြီးလူတွေရဲ့လေးစားခြင်းခံရကာ အပြင်
ကမ္ဘာပြန်ရောက်ချိန် လွတ်မြောက်လာသည့်
လူတွေရဲ့ကောင်းချီးပေးခြင်းခံရပြီးလက်ထပ်
လိုက်ကြသည်။

(ပုတု ငါကရော)

(Host အကြောင်း ပို့နေပါပြီး)

သူဝင်ထားတဲ့ကိုယ်က ဂျိမ်း လို့​ခေါ်
သည့်Omega ဖြစ်ပြီး ဇာတ်လိုက်မရဲ့သူငယ်
ချင်း ဖြစ်သည်။ သူက game ထဲရောက်ပြီး
မကြာခင် ဘဲသေသွားတဲ့ဇာတ်ကောင်
ဖြစ်သည်။ ဂျိမ်းက game နာမည်ကို ဗီးနက်
ဆိုသည့်နာမည်နဲ့ဆော့ကာသူသေဆုံးတာက
လဲ ဇာတ်လိုက်မကြောင့်ဖြစ်သည်။
ဇာတ်လိုက်မဟာ ဂျိမ်းကိုအစထဲကမနာလိုဖြစ်
နေသူဖြစ်ပြီး ပိုဆိုးသွားတာက ဂျိမ်းနဲ့God
က Game ဆော့ရင်းချစ်သူဖြစ်နေကြတာ
ကြောင့်သူမကပိုပြီးမနာလိုဖြစ်ခဲ့သည်။
God ဆိုတာဘယ်လိုလူလဲလူတိုင်းကသိသည် ဒါကြောင့်Game ထဲရောက်ချိန် မာရီယာက ဂျိမ်းကိုဇွန်ဘီ တောထဲထားခဲ့ပြီး လက်စွပ်လဲ ကာ
ထွက်ပြေးခဲ့သည်။ ဇာတ်လိုက်မနဲ့ဇာတ်လိုက် တွေ့ချိန်မှာဇာတ်လိုက်က  ဇာတ်လိုက်မခေါင်း
ပေါ်က ဗီးနက် ဆိုတဲ့နာမည်ကြောင့်သူ့ချစ်သူ
ထင်ပြီးခေါ်သွားခဲ့သည်။

( နေပါအုံး ဇာတ်လိုက်က သူ့ရည်းစားအသံကို
မသိဘူးလား game ဆော့တာအသံနဲ့တော့
ပြောရမှာဘဲ)

( မူလပိုင်ရှင်က အသံကို effect ထည့်ပြီး
ဆော့ခဲ့တာ)

( တော်တော်ရှည်တဲ့ကောင် ဒါဆိုငါကမပါလိုက်
ရတဲ့ဇာတ်ကောင်ပေါ့ )

System Putu (Completed)Where stories live. Discover now