ဇာတ်ကြောင်းဖတ်လိုက်တော့ ဇာတ်လိုက်က
ဂွန်းလီယွမ်ဖြစ်ပြီး ဂွန်းနိုင်ငံရဲ့ဘုရင် တဏှာကြီး
တဲ့အပြင်ရက်စက်တဲ့နေရာတွင်လဲပြိုင်ဘက်
ကင်းသည်။ ဇာတ်လိုက်မက ရှောင်လုရှီဖြစ်ပြီး
ကိုယ်လုပ်တော်ကနေ မိဖုရားဖြစ်လာသူဖြစ်
သည်။ဇာတ်လိုက်ဟာ တဏှာကြီးပေမယ့်
ဇာတ်လိုက်မကိုချစ်မိရာကနေ တခြားလူတွေကိုမထိတော့ဘဲ ဇာတ်လိုက်မကိုချစ်လွန်းလို့
ကိုယ်လုပ်တော်ကနေမိဖုရားမြောက်ခဲ့ခြင်း
ဖြစ်သည်။ သူဝင်ထားသည့်ကိုယ်က
မိဖုရားခေါင်က ကျန်ကျိကွေ့ ဖြစ်ပြီး ကျန်နိုင်ငံရဲ့မင်းသားတစ်ပါးဖြစ်တဲ့အပြင်သိမ်မွေ့ပြီး
စိတ်ထားကောင်းသည်။ ဒါပေမယ့်လဲ
နိုင်ငံတော်ပုန်ကန်မှူနဲ့အသက်ခံရပြီး
ဇာတ်လိုက်မကတော့ မိဖုရားခေါင်ဖြစ်လာခဲ့
သည်၊(ဟမ် ဒါဘဲလားပုတု)
(ဆက်ဖက်လေ)
ဇာတ်လိုက်မဟာအမှန်တော့ မနာလိုစိတ်ကြီး
ပြီး မိဖုရားခေါင်ကိုဆို အမြဲ ချောက်ချသည်။
သူမိဖုရားဖြစ်လာချိန် သူမနဲ့ရာထူးတူတဲ့မိဖုရား
နဲ့သူ့ထက်အားနည်းသူတွေကိုအနိုင်ကျင့်သည်။
မိဖုရားကြီးကိုအနိုင်ကျင့်မရတာကြောင့်
မိဖုရားကြီးက သူ့ကိုအနိုင်ကျင့်တယ်ဆိုပြီး
ဘုရင့်စီတိုင်တော့သည်။ဘုရင်ကသူ့အချစ်လေးစကားယုံမိဖုရားကြီးကိုနှိပ်စက်ခဲ့သည်။
နိုင်ငံတော်ပုန်ကန်တာလဲ ဇာတ်လိုက်မအဖေ
လုပ်တာဖြစ်ပြီး အဲ့ဒါကိုမိဖုရားခေါင်အတာချတာ ဖြစ်သည်။ မိဖုရားခေါင်သေဆုံးပြီးတာနဲ့
ကျန်နိုင်ငံက စစ်ကြေညာကာတိုက်ခိုပေမယ့်
အင်အားကြီးတဲ့ ဂွန်းကိုမနိုင်ဘဲ စစ်ရှုံးခဲ့သည်။
ဇာတ်လိုက်မ က မိဖုရားခေါင်ဖြစ်သည်နှင့်
မိဖုရားကြင်ယာတော်နဲ့ကိုယ်လုပ်တော်တွေကို သေတဲ့ထိနှိတ်စက်ခဲ့သည်။(Mission ကရော)
(Missionက ဇာတ်လိုက်မကိုလက်စားချေရန်
ကျန် နိုင်ငံမပျက်စီးစေရန် နဲ့ အနောက်ဆောင်
ကလူတွေမသေစေရန်ပါ)(ဇာတ်လိုက်မ မိဖုရားခေါင်ဖြစ်မှမလား သူကငါသေမှမိဖုရားခေါဖြစ်မှာလေ ငါမသေရင်
အနောက်ဆောင်နဲ့ကျန်နိုင်ငံကိုစိတ်ပူစရာမလိုဘူး)
YOU ARE READING
System Putu (Completed)
RomanceStarting -4.9.2021 (owncreation) Ending-18.9.2021 တစ်စုံတစ်ရာ တိုက်ဆိုင်သွားရင်စားရေးသူရဲ့ အမှားပါ။ မကျေနပ်တာများရှိလာရင်စာရေးသူကို တိုက်ရိုက်လာရောက်ပြောကြားနိုင်ပါသည်။ လူထဲကလူဘဲမို့ အသုံးနှုန်းအနည်းငယ်တူနိုင် သည်။ အာမခံချက် - မည်သူတစ်ဦးတစ်ယောက်စီ...