ညဦးယံ သူ့ရှေ့က ကလေးကိုထမင်းပြီးအောင်ကျွေးပြီး သိပ်လိုက်ကာ ကလေးအိပ်မှ
ဇာတ်ကြောင်းဖတ်လိုက်သည်ဇာတ်လမ်းမှာ ဇာတ်လိုက်က ကင်နမ်စောင်
ကင်လုပ်ငန်းစုပိုင်ရှင် ဖြစ်ပြီး ဇာတ်လိုက်မက
ယွန်ဆောင်းဟွန် ဇာတ်လိုက်ရဲ့အတွင်းရေးမှူး
ဖြစ်သည်။ ရေစိမ်တာကြာပြီး အောက်ပိုင်း
လေဖြတ်သွားတဲ့ ဇာတ်လိုက်ကြောင့် အကူငှါး
ရာကပြဿ နာကအဲ့မှာစခဲ့သည်။ အကူ
ကောင်လေးနာမည်က မင်ချိုဟော့ ဖြစ်ပြီး
ကလေးတစ်ယောက်အဖေ ဖြစ်သည်။
ဇာတ်လိုက်က ကလေးအင်မတန်ချစ်တာ
ကြောင့်ချိုဟော့ရဲ့ကလေးကိုအရမ်းချစ်သည်။ အဲ့တော့ ဇာတ်လိုက်မက မကျေနပ်ဖြစ်ခဲ့သည်၊ ဘာလို့ဆို ဇာတ်လိုက်မက ကလေးမွေးမရဘူး
မြုံနေတဲ့လူတစ်ယောက်ဖြစ်လို့ပင်။
သူမသိတာက ဇာတ်လိုက်ဟာကလေးမချစ်
ဘဲ ချန်ဟော့ရဲ့ကလေးကိုသာချစ်တာဖြစ်သည်။
တစ်နေ့ အဲ့ကလေးဟာ ဇာတ်လိုက်ရဲ့သား
အရင်းမှန်းဇာတ်လိုက်မသိသွားပြီး ဇာတ်လိုက်နဲ့ ချိုဟော့ကိုသွေးထိုးကာ ကလေးကို တရား
ဥပဒေအရပြန်ယူခဲ့သည်။ ချိုဟော့ကတော့
ထောင်ကျပြီး အဲ့ဒီစိတ်နဲ့ဘဲ သေဆုံးသွားပြီး
ဇာတ်လိုက်မက တော့ ဇာတ်လိုက်နဲ့ညားပြီး ကလေးကိုသာစောင့်ရှောက်သွားသည်။ဇာတ်လမ်းကမရိုးရှင်းဘူး
သူ့ကလေးမဟုတ်ဘဲဘာလို့ စောင့်ရှောက်လဲ အကြောင်းကတော့ ဇာတ်လိုက်ဟာ သားကိုအ
မွေအကုန်လွဲထားလို့ပါ ဇာတ်လိုက်မဟာ
မချစ်သော်လဲအောင့်ကာနမ်းဆိုသလို ပိုင်
ဆိုင်မှူတွေလိုချင်တော့ ကလေးကိုပြုစုရသည်။
ဇာတ်လိုက် ကားတိုက်မှူဖြစ်အောင်လဲ
သူဘဲလုပ်ထားတာဖြစ်ပြီး သူဌေးကိုပြုစုရင်း
အပိုင်ကပ်ကာ သတ်ပစ်ရန်ကြံပေမယိ့
ကလေးပါပေါ်လာတော့ မသတ်ဖြစ်တော့ဘဲ ကလေး၁၈နှစ်ပြည့်မှာ အမွေတွေလွဲ ပြီးတာနဲ့ ဇာတ်လိုက်ကိုသတ်ပစ်လိုက်ကာ ကလေး
ကိုလဲ ပျက်စီးသေခဲ့ပြီးသူကတော့ သူဌေးမ
လုပ်ခဲ့သည်။ချိုဟော့လေးအကြောင်းကတော့ ချိုးဟော့ဟာ
ဆင်းရဲတယ် bar မှာအလုပ်လုပ်ရင်းတစ်နေ့
ဆေးမိထားတဲ့လူနဲ့မှားခဲ့ရာက နောက်နေ့အဲ့လူမနိုးခင်သူထွက်ပြေးခဲ့ပြီး ထူးဆန်းစွာဘဲ
ကိုယ်ဝန်ရပြီးသားလေးရခဲ့သည်။ သားလေး၁
နှစ်အရွယ်မှာ အိမ်တစ်အိမ်က လူနာကိုပြုစုဖို့သူအလုပ်ရခဲ့ပြီး အလုပ်ရှင်ကတော့ သားလေး
အဖေဖြစ်နေပြန်သည်။ အဖေကလဲသားအရင်းမှန်းမသိ သားကလဲ အဖေရင်းမှန်းမသိဘဲ
တွယ်တာနေကြတဲ့နှစ်ယောက်ကြောင့်သူ့ပျော်မိသည်။ သူ့အပျော်ဟာကြာကြာမခံဘဲ မတရား
စွပ်ဆွဲခံရကာ တရားရင်ဆိုင်ခဲ့ရသည်။
သေချာတာပေါ့ ဇာတ်လိုက်မဟာ ဇာတ်လိုက်ကို ချိုဟော့က ဇာတ်လိုက်သုတ်ပိုးယူပြီးကိုယ်ဝန်
ဆောင်ကာ ကလေးနဲ့မျှားပြီးအမွေယူမယ်
ဆိုပြီးသွေးထိုးခဲ့တာကြောင့်ဖြစ်သည်။ ချိုဟော့ကသားလဲ ဆုံးရှုံး ထောင်လဲ ကျ ထောင်ထဲမှာဘဲ
စိတ်ကြောင့်သေသွားခဲ့သည်။
YOU ARE READING
System Putu (Completed)
RomanceStarting -4.9.2021 (owncreation) Ending-18.9.2021 တစ်စုံတစ်ရာ တိုက်ဆိုင်သွားရင်စားရေးသူရဲ့ အမှားပါ။ မကျေနပ်တာများရှိလာရင်စာရေးသူကို တိုက်ရိုက်လာရောက်ပြောကြားနိုင်ပါသည်။ လူထဲကလူဘဲမို့ အသုံးနှုန်းအနည်းငယ်တူနိုင် သည်။ အာမခံချက် - မည်သူတစ်ဦးတစ်ယောက်စီ...