ရီဂျောင် မြို့ပြင်က သူပိုင်တဲ့အိမ်ကိုမောင်းလာ
လိုက်သည်။အိမ်ရောက်တာနဲ့ စောလီကို
ကုတင်ပေါ်တင်ကာ သူဘာဘေးကဝင်လှဲ
လိုက်သည်။"အဆုံးရှုံးမခံနိုင်လို့ပါ နိုးလာရင်တောင်းပန်
ပါ့မယ် "စောလီကိုရင်ခွင်ထဲထည့်ကာဖက်အိပ်လိုက်
သည်။၃နာရီအကြာ
"ဘုန်း...အ... ကျွတ်ကျွတ် "
"Bit*h မသား သတော်စော် ကော်မော်ကော်လော် မအော်လော် သေချင်းဆိုးကြီး #$%*&$#"
ရီဂျောင်သူ့ရှေ့က ဆဲနေတဲ့ ဖက်ထုပ်လေးကို
ကုတင်အောက်က ငုတ်တုတ်လေးထိုင်
ကြည့်နေသည်။"ဟူး မောလိုက်တာ ခများဘာလုပ်တာလဲ
ပြန်ပေးဆွဲလာတာလား ပေးစရာပိုက်ဆံတော့မရှိဘူး အမေပေးတဲ့ရွှေဥနှစ်လုံးဘဲရှိတယ် "ရီဂျောင်က ကုတင်အောက်ကနေဒူးလေးထောက်ကာ အပြစ်သားလို မျက်နှာငယ်ဖြင့်...
"ကိုက ဖက်ထုပ်လေးကို အဆုံးရှုံးမခံနိုင်လို့ပါ
ဖက်ထုပ်လေးက အဖြေလဲမပေးသေးဘူးလေ
ပြီးတော့ ဟိုကာလနာ နဲ့နမ်း...နမ်း..""ဂွမ်း..."
စောလီ ကုတင်ဘေးက ရေဘူးအောက်ကဗန်းကိုယူပြီး ရိုက်ချလိုက်သည်
"ကျွန်တော့်မျက်လုံးအမှုန်ဝင်လို့ကြည့်ပေး
နေတာ အဖိုးကြီးရဲ့ ခများသာ ဟိုအိမ်မြောင်လို
ကောင်နဲ့ကျုပ်ရှေ့မှာနမ်းတာလေ အားး ပြော
ရင်းဒေါသထွက်လာပြီး... ဂွမ်...ဂွမ်...ဂွမ်"ဗန်းနဲ့အားရပါးရစော်ထည့်လိုက်သည်
"မှတ်ပလား ဟမ် သောက်ဘဲကြီး "
"အဲ့တော့ ကိုယ့်ကိုချစ်တယ်ပေါ့နော် "
"ဘာ...ငါဘယ်တုန်းကပြောလို့လဲ "
"ခုနကသဝန်တိုတာမလား အဲ့ဒါချစ်လို့လေ
ဟုတ်တယ်မလား..ဟင် "စောလီသူ့ရှေ့ကခွေးအစာမျှော်သလို မျက်လုံးရွဲတွေနဲ့ကြည့်နေတဲ့လူကြောင့်စိတ်လျော့ကာ
"ဟုတ်တယ် "
"ဟင်..ဘာကိုလဲ "
"ကျစ် ခများပြောတာဟုတ်တယ် ချစ်နေတာ ရပြီးလား...အား ဘောမို့ လူပုံခုန်တက်ရလား"

YOU ARE READING
System Putu (Completed)
RomanceStarting -4.9.2021 (owncreation) Ending-18.9.2021 တစ်စုံတစ်ရာ တိုက်ဆိုင်သွားရင်စားရေးသူရဲ့ အမှားပါ။ မကျေနပ်တာများရှိလာရင်စာရေးသူကို တိုက်ရိုက်လာရောက်ပြောကြားနိုင်ပါသည်။ လူထဲကလူဘဲမို့ အသုံးနှုန်းအနည်းငယ်တူနိုင် သည်။ အာမခံချက် - မည်သူတစ်ဦးတစ်ယောက်စီ...