part 1.5

36.7K 2.8K 136
                                        

တစ်လအကြာ

ဒီတစ်လအတွင်း မောင် နဲ့ သူတော်တော်
ရင်းနှီးနေသည် မောင်က ရရင်ရသလိုအသားယူတတ်ပြီးသူကတော့ မောင့် ရဲ့အလုပ်တွေလဲကူလုပ်ရသည်။

"အောက်မှ angel နဲ့တွေ့ချင်လို့ ဆိုပြီးအမ
ဖြစ်သူရောက်နေပါတယ် "

အိမ်ထိန်းလာပြောသည့်စကားကြောင့် angel
စာရိုက်နေရာကနေ ဘဲကြီးဘက်လှည့်ကြည့်လိုက်သည်

"သွားလိုက်လေ ဒါတွေထားခဲ့"

"ဟုတ် "

Angel လဲ အခန်းထဲကထွက်သွားလိုက်သည်

(ပုတု အဲ့မိန်းမကဘာလာလုပ်တာလဲ)

(သိဘူးလေ )

(မင်းသိတာဘာရှိလဲ)

(ဟီး😁)

"အမ ဘာကိစ္စလဲ "

"ငါနင့်ကိုပြောစရာရှိတယ် "

တိုးတိုးကပ်ပြောနေတာကြောင့်

"ပြောလေ "

"နင် အစ်ကိုမောင်နဲ့ ရင်းနှီးနေပြီးလား ဘယ်
အဆင့်ထိရောက်ပြီးလဲ "

"ဘာကိုလဲ သူကလူနာ ငါက သူနာပြုလေ
ဘာအဆင့်ရောက်ရမလဲ"

"ကျစ်... သူ့ပိုင်ဆိုင်မှူတွေဘယ်လောက်များလဲ
နင်သူ့ကိုအပိုင်ကိုင်လိုက် ကြားလား"

"ဘာာ..ခုနင်က သူများအိမ်ပေါ်ထိလာပြီး
ဒီလိုတွေလာပြောနေတာမရှက်ဘူးလား "

"ကျစ်.. ငါခိုင်းတဲ့တိုင်းလုပ်စမ်း ခုလောလောဆယ် ငါငွေ သိန်း၂၀လိုတယ် သူ့စီက တောင်းပေး
နင်တောင်းရင်ရမှာပါ "

"လုံးဝမလုပ်နိုင်ဘူး နင်ပြန်တော့ "

"တောက် ငါပြောတဲ့တိုင်းလုပ်နော် နောက်
အပတ်ငါပိုက်ဆံလာယူမယ်... "

ရွှေထပြန်မလို့ရှိသေး angel ရဲ့လက်က နာရီကိုတွေ့သွားပြီး လက်ကိုဆွဲကာ ဖြုတ်လိုက်သည်

"ဘာလုပ်တာလဲ ပြန်ပေးစမ်း"

"အစ်ကိုမောင် ပေးထားတာလား
ဒါရောင်းရင်တော့ ဒီအပတ်တွက် ငါ
ကစားလို့ရပြီး သွားပြီနော် ငါပိုက်ဆံလာယူ
မယ် "

ထွက်သွားတဲ့ ရွှေရည် ကို angel ဒေါသတကြီး
ကြည့်နေသည်

(Host စိတ်လျော့)

System Putu (Completed)Where stories live. Discover now