part 2

3K 229 7
                                    

Unicode

ကျွန်တော့်ကို CEOက လိုအပ်တာတွေ ပြောပြီးတော့ ၀န်ထမ်းတစ်ယောက်ကို အကလေ့ကျင့်တဲ့ အခန်းဆီလိုက်ပြခိုင်းပါတယ်။

ကျွန်တော်နဲ့ တူတူလေ့ကျင့်ရမယ့် အစ်ကိုတွေ ရှိတယ်တဲ့။ အခုသူတို့က အဲအခန်းမှာလေ့ကျင့်နေကြတယ်လို့ပြောတယ်။

ကျွန်တော် နည်းနည်းတော့ကြောက်တယ်။ သူတို့ကို ဘယ်လိုစမိတ်ဆက်ရမလဲ လမ်းမှာစဥ်းစားနေမိတယ်။

အခန်းရှေ့ရောက်တော့ ၀န်ထမ်း‌အစ်မ၀င်သွားတဲ့နောက်ကနေပဲ ကျွန်တော်လိုက်သွားခဲ့တယ်။

အကလေ့ကျင့်နေတဲ့သူတွေက ရုတ်တရုက်ရပ်လိုက်ပြီး ကျွန်တော့ကို ၀ိုင်ကြည့်နေကြတယ်။

"Namjoon ဒီကမောင်လေးက ဒီနေ့ကစပြီးမင်းတို့နဲ့အတူတူ training ဆင်းမှာ မင်းက သူ့ကို စော‌င့်ရှောက်ပြီး လိုအပ်တာကူညီပေးလိုက်ပါဦး"

"ဟုတ်ကဲ့ noona"

Namjoon ဆိုတဲဲ့ hyungက ကျွန်တော့်ကို ပြုံးပြပြီး လက်ဆွဲနှုတ်ဆက်ပါတယ်။ သူက‌သဘောကောင်းလိုက်တာ။

"တွေ့ရတာ ၀မ်းသာပါတယ်ကွာ။အစ်ကို့ နာမည် Kim Namjoon ပါ ဒီအဖွဲ့ရဲ့ Leaderပေါ့ RM လို့လဲ ခေါ်လို့ရတယ်"

အစ်ကိုက သူ့ကိုယ်သူမိတ်ဆက်ပြီး ကျန်တဲ့အစ်ကိုတွေနဲ့လည်း မိတ်ဆက်ပေးပါတယ်။

"သူ့နာမည်က Jin အစ်ကိုတို့ အဖွဲ့ရဲ့ အကြီးဆုံးပေါ့ ပျော်ပျော်နေတတ်တယ်"

"မင်းက ငယ်သေးတာပဲ အများကြီးစားနိုင်မယ့်ပုံပဲ နောက်ခါကျ အစ်ကိုနဲ့တူတူ Eat Jin show ရိုက်ရအောင် ဘယ်လိုလဲ"

"ဟုတ် ဟုတ်ကဲ့"

ကျွန်တော်jin hyungပြောတာကို အကုန်နားမလည်ပဲ ပြန်ဖြေတော့ သူအော်ရယ်ပါတယ်။ ကျွန်တော်လည်း ရောပြီး လိုက်ရယ်မိတယ်။

"သူ့နာမည်က suga သူကproducer,song writer လဲ လုပ်တယ်။တစ်ခုတော့ သတိထားပေါ့ကွာ သူအိပ်နေရင် သွားမနှိုးမိစေနဲ့ ဟား ဟား"

RM hyung က စနောက်ပြီး ပြောလာတော့ ကျွန်တော် suga hyung ကိုလှမ်းကြည့်မိတယ်။

သူက ကျွန်တော့်ကို ပြုံးတယ်ဆိုရုံလေး ပြုံးပြပြီး ခေါင်းငြိမ့်ပြပါတယ်။ ဒါက သူ့styleပဲ ထင်ပါတယ်။

ကျွန်တော်ရဲ့ Hyung 🍒Where stories live. Discover now