Unicode
အကလေ့ကျင့်တဲ့အခန်းထဲမှာ ကျွန်တော်တို့ လေ့ကျင့်ပြီးလို့ ခဏနားနေကြတယ်။ ကြမ်းပြင်ပေါ်မှာ တစ်ယောက်တစ်နေရာစီ ထိုင်ရင်း ဖုန်းကြည့်တဲ့သူက ကြည့် မုန့်စားတဲ့သူက စားနဲ့ အနားယူနေကြတာပေါ့။
ကျွန်တော့်ရဲ့hyungကတော့ ကျွန်တော်နဲ့ခပ်ဝေးဝေးမှာ ထိုင်ရင်း ဖုန်းကြည့်နေတယ်။ ဘာကို သဘောကျသည်မသိ တစ်ခါတစ်ခါ ပြုံးလိုက် ရယ်လိုက်နဲ့ ပတ်၀န်းကျင်ကိုတောင် သတိမထားနိုင်တဲ့အထိပဲ။
ကျွန်တော်လည်း သိချင်လာတာမို့ hyungနားတိုးကပ်ပြီး ထိုင်လိုက်တော့ hyungက ဘေးဘက်ကို အနည်းငယ်ရွေ့သွားတယ်။
အဲလိုလုပ်လို့ရမလား...ကျွန်တော်က jungkook လေ။ လက်တစ်ဖက်နဲ့ hyungခါးလေးကို လှမ်းဖက်လိုက်ပြီး ဆွဲယူလိုက်တော့ ကျွန်တော့်ဘေးဆွေ့ကနဲ ပါလာတာပါပဲ။ အဲလောက်ထိကို hyungခန္ဓာကိုယ်လေးက ပေါ့ပါးတာ။
"hyung ဘာကြည့်နေတာလဲ"
"ကိုယ့်ဘာသာ ဘာပဲကြည့်ကြည့်ပေါ့"
"ကျွန်တော့်ကိုရော ပြ"
"မပြဘူး မင်းဖုန်းနဲ့မင်းကြည့်လေ"
hyung က နှုတ်ခမ်းလေးထော်ပြီး ပြောနေတာမို့ ဘေးကကြည့်ရတာ အသည်းယားဖို့ကောင်းတယ်။သူ့ဖုန်းလေးကြည့်တာကို ကလေးတစ်ယောက်လို အူပုပ်ပြနေတာ။
"hyungနော် ပြဆို"
"မပြဘူးကွာ"
"ရတယ်လေ"
ကျွန်တော်လဲ hyungအနောက်နားသွားထိုင်ပြီး hyung ကို ကျွန်တော့်ရင်ခွင်ထဲ ထည့်ထားလိုက်ပြီး hyung ပုခုံးပေါ်မှာ ခေါင်းတင်ထားလိုက်တယ်။
"jungkook ဘာလုပ်တာလဲ ဖယ်"
hyungက အတင်းဖယ်ခိုင်းပြီး ထွက်သွားဖို့ လုပ်နေတာမို့ ခါးသိမ်သိမ်လေးကို လက်နှစ်ဖက်နဲ့ ဆွဲဖက်ထားလိုက်ပြီး ဘာမှမကြားသလို နေနေလိုက်တယ်။
"jungkook ah ဖယ်လို့ hyungတို့မြင်သွားရင် မကောင်းဘူး"
"hyungတို့က သိပြီးသား ကျွန်တော်တို့ဆီမှာတောင် အာရုံရှိမှာမဟုတ်ဘူး သူတို့အလုပ်နဲ့သူတို့"
YOU ARE READING
ကျွန်တော်ရဲ့ Hyung 🍒
FanfictionUnicode Hyung က အရမ်းလှတယ်.... ကျွန်တော်ရဲ့ရင်ခုန်သံတွေကို ဗြောင်းဆန်အောင် သူအမြဲလုပ်တယ်...... သူကတော့ ညီလေးလိုဂရုစိုက်ပေးတာတဲ့ ကျွန်တော့်မှာတော့ ရူးခါနေတာပဲ.... သူမျက်နှာပြောင်တိုက်နေတာ မဟုတ်ဘူးလားဗျာ .... Zawgyi Hyung က အရမ်းလှတယ်.... ကျွန်တေ...