Unicode
Hyung က ကျွန်တော်ပြောတာကို လက်ခံပါတယ်။ ကျွန်တော် ပျော်လိုက်တာဗျာ။အနည်းဆုံးတော့ hyungနဲ့ ရုပ်ရှင်အတူတူ
ကြည့်ခွင့်မဆုံးရှုံးဘူးမလား။hyung နဲ့ ကျွန်တော် အခန်းထဲ၀င်လာပြီး tvရှေ့က ဆိုဖာမှာထိုင်ကြတယ်။ ကျွန်တော်တို့ ဘာဇာတ်ကားကြည့်ရင် ကောင်းမလဲ။
"hyung ဘာဇာတ်ကားကြည့်ချင်လဲ"
"jungkook ကြည့်ချင်တာဖွင့်လေ"
"အာ့ဆို spider man ကြည့်မယ်"
"မင်းက အခုထိကလေးလေးပဲ"
Hyung က ပြောရင်းရယ်နေတယ်။ ပြီးတော့ ခေါင်းငြိမ့်ပြတယ်။
hyung က ကျွန်တော်စူပါစွမ်းအားနဲ့ဇာတ်ကားတွေ ကြည့်တာကြောင့် ပြောတာထင်တယ်။ ဒီလို ဇာတ်ကားတွေက လူကြီးတွေလဲ ကြည့်ကြတာပဲမလား။ hyungကိုက ကျွန်တော့်ကိုဆို ကလေးလို့ပဲမြင်နေလို့ပါ။
"hyung ကျွန်တော်ကလေးမဟုတ်တော့ဘူး 18နှစ်ပြည့်တော့မှာ"
"အင်းပါ အင်းပါ ဒီနားလာတော့"
"ဟုတ်"
ကျွန်တော် hyungဘေးနား သွားထိုင်လိုက်တယ်။ အခန်းက ပုံမှန်ထက် ပိုပြီးနွေးထွေးနေသလိုပဲ။
hyungဆီက ကိုယ်သင်းနံံ့လေးကိုလဲ ကျွန်တော်ရနေတယ်။ hyung ရဲ့မျက်နှာကို ကြည့်မိတော့ hyungက tvဆီကိုပဲ အာရုံရောက်နေတာ။ hyung အာရုံစိုက်နေတဲ့ပုံစံက အရမ်းဆွဲဆောင်မှုရှိတယ်။
တစ်ကယ်ပါ ဖြစ်နိုင်ရင် hyungရဲ့အခုပုံစံလေးကို ပန်းချီဆွဲထားလိုက်ချင်တယ်။ကျွန်တော် ဒီဇာတ်ကားကို အထပ်ထပ်အခါခါကြည့်ပြီးပြီ။ပုံမှန်ဆို ပြန်ကြည့်လဲ စိတ်၀င်စားဖို့ကောင်းပေမယ့် အခုဒီဇာတ်ကားကို ထပ်ကြည့်ဖို့ ကျွန်တော်စိတ်မ၀င်စားဘူး။ အာရုံလဲ မရှိဘူး။
"hyung တစ်ခုခုသောက်ချင်လား"
"အင်း ၀ိုင်ရှိလား"
"၀ိုင်က ကျွန်တော်သိပ်မကြိုက်တော့ ၀ယ်မထားမိဘူး ဘီယာတော့ရှိတယ် သောက်မလား"
"အင်း သောက်မယ်"
ကျွန်တော်ထလာပြီး ရေခဲသေတ္တာထဲက ဘီယာဗူးအေးအေးလေး နှစ်ဗူးယူခဲ့တယ်။ တစ်ဗူးကို ဖောက်ပြီး hyungကို အရင်ပေးလိုက်တယ်။ ပြီးတော့မှ ကျွန်တော့်အတွက် ဖောက်တယ်။ hyungက အကြီးလေ ဦးစားပေးရမှာပေါ့ မဟုတ်ဘူးလား။

YOU ARE READING
ကျွန်တော်ရဲ့ Hyung 🍒
FanficUnicode Hyung က အရမ်းလှတယ်.... ကျွန်တော်ရဲ့ရင်ခုန်သံတွေကို ဗြောင်းဆန်အောင် သူအမြဲလုပ်တယ်...... သူကတော့ ညီလေးလိုဂရုစိုက်ပေးတာတဲ့ ကျွန်တော့်မှာတော့ ရူးခါနေတာပဲ.... သူမျက်နှာပြောင်တိုက်နေတာ မဟုတ်ဘူးလားဗျာ .... Zawgyi Hyung က အရမ်းလှတယ်.... ကျွန်တေ...