Unicode
ဒီနေ့ ကျွန်တော်တို့ရဲ့ combackအတွက် ပြင်ဆင်ဖို့ အစည်းအဝေးရှိတာကြောင့် ပုံမှန်အစည်းအဝေး ပြုလုပ်နေကျအခန်းထဲမှာ လူစုံနေတယ်။
ခုနှစ်ယောက်စလုံး စားပွဲခုံရှည်ရဲ့ တစ်ဖက်မှာထိုင်နေကြပြီး စားပွဲရဲ့တစ်ဖက်မှာတော့ company ရဲ့ အရေးပါတဲ့ ၀န်ထမ်းတွေ ထိုင်ကြပါတယ်။ အလယ်မှာ projector ထားထားပြီး ထိပ်ကနေရာက CEO ထိုင်ပါတယ်။
jimin hyung ကတော့ V hyung ဘေးမှာထိုင်နေပြီး စကားပြောရင်းရယ်မောနေတယ်။ hyungက အဲနေ့က ကိစ္စဖြစ်ပြီးကတည်းက ကျွန်တော့်ကို ရှောင်နေပြီး မသိသလိုနေနေတယ်။
hyungကတော့ နေနိုင်ပေမယ့် ကျွန်တော်က မနေနိုင်ဘူးလေဗျာ။ ဒီကိုစရောက်ကတည်းက ကျွန်တော်အခင်တွယ်ရဆုံးက hyung လေ။
ကျွန်တော် ထိုင်ခုံကနေ ထလာပြီး hobi hyung ကို နေရာလဲ ခိုင်းတယ်။ hobi hyungကလဲ jimin hyung ရဲ့ဘေးမှာထိုင်နေတာမလား။
"hobi hyung ကျွန်တော်နဲ့ နေရာလဲပေးပါလား"
"ဘာဖြစ်လို့လဲ"
"ဒီနေရာထိုင်ချင်လို့ လုပ်ပါhyungရာ"
"ok ok hyungက ဘယ်နေရာပဲထိုင်ထိုင် အဆင်ပြေပါတယ် အငယ်ဆုံးလေး စိတ်ချမ်းသာဖို့ အဓိက"
hyung ကနေရာ ဖယ်ပေးပါတယ်။
ကျွန်တော် jimin hyung ဘေးမှာ ထိုင်လိုက်ပေမယ့် jimin hyung က ကျွန်တော့်ကို တစ်ချက်သာလှည့်ကြည့်ပြီး V hyungနဲ့စကားဆက်ပြောနေတာ။
မဖြစ်ဘူး hyung အာရုံစိုက်လာအောင် တစ်ခုခုထပ်လုပ်ကြည့်ရမယ်။
"hyung...hyungဘေးနားက ရေဘူးလေး ပေးပါလား"
hyung က ကျွန်တော်ရှေ့က ရေဘူးကို တစ်ချက်ကြည့်ပြီး ဘာမှတော့မပြောဘူး။ သူ့ဘေးက ရေဘူးကို ကျွန်တော့်ဘေးယူပေးပြီး စကားဆက်ပြောနေပါတယ်။
ကျွန်တော် hyungကို စိတ်ဆိုးပြေအောင် ချော့မှဖြစ်မယ်။ ဒါပေမယ့် ဘယ်ကစပြောရမှန်း စကားလုံးတွေရှာမရဘူ။ အေးစိမ့်နေတဲ့ အဲကွန်းခန်းထဲမှာ ချွေးထွက်နေတာ ကျွန်တော် တစ်ယောက်တည်းပါ။
"hyung...ကျွန်တော်ကလေ..."
အဲအချိန်မှာပဲ CEO က အခန်းထဲ၀င်လာနေပါပြီ။ CEO ရောက်တာနဲ့ အားလုံးက အလုပ်အတွက် ဆွေးနွေးဖို့ စတင်လိုက်တာကြောင့် ကျွန်တော့်ရဲ့ တောင်းပန်စကားတွေကလဲ အပြင်ကိုမထွက်လိုက်ရတော့ပါဘူး။
![](https://img.wattpad.com/cover/284473397-288-k87851.jpg)
YOU ARE READING
ကျွန်တော်ရဲ့ Hyung 🍒
FanfictionUnicode Hyung က အရမ်းလှတယ်.... ကျွန်တော်ရဲ့ရင်ခုန်သံတွေကို ဗြောင်းဆန်အောင် သူအမြဲလုပ်တယ်...... သူကတော့ ညီလေးလိုဂရုစိုက်ပေးတာတဲ့ ကျွန်တော့်မှာတော့ ရူးခါနေတာပဲ.... သူမျက်နှာပြောင်တိုက်နေတာ မဟုတ်ဘူးလားဗျာ .... Zawgyi Hyung က အရမ်းလှတယ်.... ကျွန်တေ...