part 19

1.8K 169 11
                                    

Unicode

Hyung ကို သူ့အခန်းဆီလိုက်မပို့တော့ပဲ ကျွန်တော့်အခန်းကိုပဲ ခေါ်လာလိုက်တယ်။ hyungက မလိုက်ဘူးဆိုပြီး အတင်းရုန်းနေလို့ လက်ကိုချုပ်ပြီး ဆွဲခေါ်လာတာ။

hyung ကို အခန်းထဲအရင်ပစ်ထည့်လိုက်ပြီးမှ ကျွန်တော်၀င်လိုက်ပြီး တံခါးကို lockချပစ်လိုက်တယ်။

"Jeon မင်းနော်... ကိုယ့်ကိုအခန်းပြန်လိုက်ပို့ပေး"

"ဒီတစ်ညတော့ ကျွန်တော့်အခန်းမှာ အိပ်ပေးပါလား"

"မအိပ်ဘူး ကိုယ်ပြန်မှာ"

"hyung တစ်ကိုယ်လုံးမိုးရေတွေ စိုနေတာ နေမကောင်းဖြစ်လိမ့်မယ် အ၀တ်လဲထားလိုက်နော်"

"ကိုယ် ပြန်မှာလို့ ပြောနေတယ်လေ ....
မင်းအနိုင်မကျင့်နဲ့နော်... ကိုယ်က အကြီး... မင်းထက်အရင် busan မှာ မွေးတာ"

"ကျွန်တော်က hyungရဲ့ လူဆိုးကောင်လေ"

ကျွန်တော် hyung အနားကို ပိုတိုးကပ်လာကာ မေးဖျားလေးကနေကိုင်ပြီး မျက်နှာလေးကို ဆွဲမော့ပစ်လိုက်တယ်။ hyung ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်းကနေ အကြည့်တွေက တဖြည်းဖြည်း နှုတ်ခမ်းထူထူလေးဆီ အလည်ရောက်သွားတယ်။

"ဟင့်... ဖယ်ပေး"

hyung က ကျွန်တော့်ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ အားကုန်တွန်းနေပါတယ်။

အခုပုံစံလေးကိုက hyung က အရမ်းဆွဲဆောင်မှု ရှိလွန်းတယ်။ အရမ်းလှလွန်းလို့ အရုပ်ကလေးတစ်ရုပ်လို့ သော့ခတ်သိမ်းထားလိုက်ချင်တဲ့ အထိပဲ။

"hyung ကို ကျွန်တော် ဘာမှမလုပ်ဘူး....
ဒီညလေးမှာ hyung နဲ့ အတူတူရှိနေချင်ရုံလေးပဲ ......hyung ဆီက အဖြေရခါစ အချိန်လေးကို တစ်ယောက်တည်းအိပ်ရင်း မကုန်ဆုံးချင်ဘူး....."

ကျွန်တော် hyungကို စိုက်ကြည့်ရင်း အလေးအနက်ပြောလိုက်တယ်။ hyungရဲ့ မျက်လုံးလေးတွေက စိတ်လှုပ်ရှားလို့ထင်တယ်... မျက်တောင် တစ်ဖျတ်ဖျတ်ခတ်ရင်း အကြည့်လွှဲဖို့ ကြိုးစားနေတယ်။

"ကျွန်‌တော့်ကို ယုံတယ်မလား"

"လူဆိုးကောင်... ရေချိုးခန်းက ဘယ်မှာလဲ ရေမြန်မြန်ချိုးချင်နေပြီ"

ကျွန်တော်ရဲ့ Hyung 🍒Where stories live. Discover now