Unicode
ဒီနေ့ညက အရမ်းလှနေသလိုပဲ။ ကျွန်တော် လေကောင်းလေသန့်ရှုချင်လာလို့ ခေါင်မိုးထပ်ကို တက်လာခဲ့လိုက်တယ်။
အပေါ်မှာ လူတစ်ယောက် ရှိနေတယ်ထင်တယ်။ သေချာကြည့်လိုက်တော့မှ jimin hyung မလား။
"hyung တစ်ယောက်တည်းလား"
ကျွန်တော်မေးလိုက်တော့ hyungက လှည့်ကြည့်လာတယ်။ ကျွန်တော့်အထင် hyung မျက်နှာက တစ်ခုခုကို ၀မ်းနည်းနေသလိုပဲ။ ဘာကိစ္စများ အဆင်မပြေလို့ပါလိမ့်။
ကျွန်တော် ရုတ်တရက် hyungကို စိတ်ပူလာတယ်။ သူမျက်နှာမကောင်းတာ တစ်ခါမှမမြင်ဖူးခဲ့ဘူး။
"အင်း တစ်ယောက်တည်းပဲ ဒီညက ရာသီဥတုသာယာနေလို့ ကိုယ်ကြယ်လေးတွေ လာကြည့်တာ"
"ဟုတ်လား ဒီညကြယ်လေးတွေ အများကြီးပံနော် အရမ်းလဲလှတယ်"
"အင်း"
"hyung တစ်ခုခုစိတ်မကောင်းစရာများ ရှိလို့လား ကျွန်တော့်ကို ပြောပြလို့ရမလား"
"မရှိပါဘူး ဒီတိုင်းပါပဲ"
Hyung ဒီနေ့ တစ်ခုခုဖြစ်နေတာ သေချာပါတယ်။ စကားလဲ အရမ်းနည်းသွားပြီး မျက်နှာလည်းမကောင်းဘူး။
ကျွန်တော် သိချင်တယ်။ hyung စိတ်မကောင်းဖြစ်နေတာမျိုး ကျွန်တော် မမြင်ချင်ဘူး။ သူစိတ်သက်သာရာရဖို့ ကျွန်တော် တစ်ခုခုလုပ်ပေးချင်တယ်။
"jungkook မင်းစိတ်ညစ်တဲ့အခါမျိုးမှာ ဘာလုပ်လေ့ရှိလဲ"
"ကျွန်တော်လား သီချင်းအကျယ်ကြီး အော်ဆိုပစ်တာပေါ့ အာ့ဆို စိတ်ထဲနည်းနည်းပေါ့သွားသလို ခံစားရလို့ ကျွန်တော်ဆိုပြမယ် နားထောင်မလား"
"အင်း ဆိုကြည့်လေ"
" 🎵🎵🎵🎵"
"ဟား ဟား တော်ပါတော့ကွာ keyလဲ မ၀င်ပဲ လျှောက်အော်နေတော့တာပဲ"
Hyung က ရယ်မောပြီး လက်ကာပြကာ ကျွန်တော့်ကို တားနေတယ်။ အခုမှ သူ့အပြုံးလေး ပြန်မြင်ရတော့တယ်။ ကျွန်တော်ကလေ hyungကို ဒီပုံစံလေးပဲ အမြဲမြင်ချင်တာ။
"hyung ကျွန်တော်ဆိုတာ ကောင်းလား"
"မကောင်းပါဘူး ကလေးတစ်ယောက် လျှောက်အော်နေတဲ့အတိုင်းပဲ"

YOU ARE READING
ကျွန်တော်ရဲ့ Hyung 🍒
ФанфикUnicode Hyung က အရမ်းလှတယ်.... ကျွန်တော်ရဲ့ရင်ခုန်သံတွေကို ဗြောင်းဆန်အောင် သူအမြဲလုပ်တယ်...... သူကတော့ ညီလေးလိုဂရုစိုက်ပေးတာတဲ့ ကျွန်တော့်မှာတော့ ရူးခါနေတာပဲ.... သူမျက်နှာပြောင်တိုက်နေတာ မဟုတ်ဘူးလားဗျာ .... Zawgyi Hyung က အရမ်းလှတယ်.... ကျွန်တေ...