Unicode
hyungဆီက ဖုန်းကို ဆွဲယူလိုက်ရင်း စားပွဲပေါ် ပစ်တင်လိုက်တယ်။ hyungရဲ့ ပုခုံးကို ဆွဲလှည့်ကာ မျက်နှာချင်းဆိုင်လိုက်ပြီး hyung ကို စိုက်ကြည့်လိုက်တယ်။
"Hyung ကျွန်တော့်ကို ကြည့် ခုနက ဘာပြောလိုက်တာ ကျွန်တော် နားကြားမှားတာမဟုတ်ပါဘူးနော်"
"ကိုယ် ဘာပြောလို့လဲ"
"Hyung က ကျွန်တော့်ကို အရင်ချစ်ခဲ့တာဆို ကျွန်တော်လုံး၀မသိခဲ့ဘူး ဘယ်တုန်းကစပြီးတော့လဲ ဟင်"
ကျွန်တော် အရမ်းသိချင်တာကြောင့် hyungရဲ့ ပုခုံးကျဉ်းကျဉ်းလေးကို ဖျစ်ညစ်ပြီး တရစပ်မေးနေမိတယ်။
"အာ့! Jeon နာနေပြီ လွှတ်ဦး"
"အာ....Sorry ကျွန်တော်အရမ်းသိချင်သွားလို့ပါ"
ကျွန်တော်က အနည်းငယ် အားသုံးရုံနဲ့ hyungက အသားတွေ နီမြန်းလာတဲ့အထိ နာကျင်သွားတတ်မှန်း ကျွန်တော်မေ့သွားခဲ့တယ်။hyung ရဲ့ အသားအရည်က မိန်းကလေးတစ်ယောက်ထက်တောင် ပိုပြီး နူးညံ့သေးတယ်။
"ကျွန်တော့်ကို ဘယ်ချိန်ကတည်းက စချစ်ခဲ့တာလဲဟင်"
"မင်းcompanyကို စရောက်တဲ့နေ့တုန်းက မျက်လုံးဝိုင်းဝိုင်းလေးနဲ့ 15နှစ်သားလေးက တစ်ကယ်ကို ချစ်ဖို့ကောင်းခဲ့တာ"
"ဗျာ တစ်ကယ်ပဲလား hyung အရမ်းဟန်ဆောင်ကောင်းဝာာပဲ ကျွန်တော်လုံး၀မသိခဲ့ဘူး"
"ကိုယ်ဟန်မဆောင်ခဲ့ဘူး စတွေ့ကတည်းက မင်းအပေါ် ဆက်ဆံခဲ့တာတွေအကုန်လုံးက အစစ်အမှန်တွေချည်းပဲလေ"
"ဟုတ်တယ် hyungက ကျွန်တော့်အပေါ်အစစ်အမှန်တွေပဲ ပေးခဲ့တာ ကျွန်တော်ကသာ မမြင်နိုင်ခဲ့တာ ဒါကြောင့်မို့ အခုကစပြီး hyungကို ကျွန်တော်ရဲ့အချစ်တွေ အကုန်ပေးတော့မှာမို့ ကျွန်တော့်ကို ယုံကြည်ပေးပါ"
"လူဆိုးလေး ကိုယ်ကမင်းကို အမြဲတမ်းယုံတယ်"
ကျွန်တော် hyungရဲ့ စကားတွေကို ထပ်ပြီးနားမထောင်နိုင်တော့ဘူး။ နှလုံးသားက ပြုတ်ထွက်တော့မတတ် ခုန်ပေါက်နေတယ်။ ဒီအခြေနေကို တစ်ခုခုနဲ့ ထိန်းချုပ်မှဖြစ်လိမ့်မယ်။

YOU ARE READING
ကျွန်တော်ရဲ့ Hyung 🍒
FanficUnicode Hyung က အရမ်းလှတယ်.... ကျွန်တော်ရဲ့ရင်ခုန်သံတွေကို ဗြောင်းဆန်အောင် သူအမြဲလုပ်တယ်...... သူကတော့ ညီလေးလိုဂရုစိုက်ပေးတာတဲ့ ကျွန်တော့်မှာတော့ ရူးခါနေတာပဲ.... သူမျက်နှာပြောင်တိုက်နေတာ မဟုတ်ဘူးလားဗျာ .... Zawgyi Hyung က အရမ်းလှတယ်.... ကျွန်တေ...