part 17

1.8K 158 2
                                    

Unicode

hyung က အခုတလော အရမ်းအလုပ်များနေတာ သူ့solo သီချင်းအတွက် အချိန်ယူပြီး ပြင်ဆင်နေတာ။

သီချင်းအသံသွင်းဖို့ရော အကလေ့ကျင့်ဖို့ရောကြောင့် ကျွန်တော်တို့နားတဲ့အချိန်မှာတောင် hyungက မနားနိုင်ပဲ ဆက်တိုက်လေ့ကျင့်နေခဲ့တာ။

hyung က သူအမှားလုပ်မိမှာ အရမ်းစိုးရိမ်တတ်တဲ့သူမို့ အရမ်းလဲ ကြိုးစားတယ်။ တစ်ခါတစ်လေ သူ့ကျန်းမာရေးကိုတောင် ဂရုမစိုက်နိုင်တဲ့အထိပေါ့။

အခုလဲ ကြည့် နေ့လည်2နာရီထိုးတော့မယ်။ အခုထိ အကလေ့ကျင့်နေတုန်းပဲတဲ့။ ကျွန်တော် သွားခေါ်မှ ဖြစ်တော့မယ်။ ကြာရင် hyung ပင်ပန်းတဲ့ ဒဏ်မခံနိုင်ပဲ လဲကျသွားမှာ စိုးရိမ်တယ်။

ကျွန်တော် အကလေ့ကျင့်တဲ့ အခန်းရှေ့ရောက်တော့ သီချင်းသံလေး ကြားနေရတယ်။ hyung ရဲ့ အသံချိုချိုလေးနဲ့ နားထောင်တဲ့သူကို ဆွဲညို့စေနိုင်တဲ့ သီချင်းပေါ့ဗျာ။

🎵 When you call me ~ I go to you flower

As if I've been waiting ~ We bloom till it gets cold

May be it's the way of universe

That's how it is

You know I know

You and me ~ I am you 🎵

တံခါး‌ဖွင့်၀င်လိုက်တော့ hyungက အကမှာနစ်မျောနေတယ်။ တစ်ယောက်တည်း စိတ်လွတ်လက်လွတ်နဲ့ အာရုံစိုက်ပြီး ကနေတာ ကျွန်တော်၀င်လာတာကိုတောင် သတိမထားမိဘူးထင်တယ်။

hyungက modern dance တွေထက် အခုလို အကမျိုးနဲ့ ပိုပြီး လိုက်ဖက်တယ်လို့ ကျွန်တော်ထင်တယ်။ hyung ရဲ့ လှုပ်ရှားမှုတိုင်းက ဆွဲဆောင်မှုရှိပြီးတော့ မှော်ဆန်တယ်။

ကြည့်မိတဲ့သူက ဆေးမိထားတဲ့သူ တစ်ယောက်လို နစ်မျောပြီး အသက်ရှုဖို့ မေ့သွားစေနိုင်လောက်တယ်။

*hyung ကို ပိုင်ဆိုင်ချင်တယ်*

*အရမ်းလှလွန်းလို့ လူတွေကို ဖမ်းစားနိုင်လွန်းလို့ ....အလှလေးကို ကျွန်တော်ပဲ ပိုင်ဆိုင်ချင်တယ်*

"လှလိုက်တာ"

စိတ်ထဲမှာ hyungရဲ့ အကြောင်းတွေးရင်း ကိုယ်တိုင်တောင် သတိမထားမိပါပဲ ပါးစပ်က တိုးတိုးလေး ပြောမိသွားတဲ့အထိပဲ။

ကျွန်တော်ရဲ့ Hyung 🍒Where stories live. Discover now