part 18

2.1K 172 7
                                    

Unicode

ဒီနေ့ တစ်နေကုန် hyung ကို မတွေ့ရသေးဘူး။ သူဘယ်မှာရှိနေလဲ ကျွန်တော် မသိရဘူး။ hyungတွေကို မေးကြည့်တော့လဲ အဖြေတိတိကျကျ မသိရဘူး။

V hyung ဆိုရင်တော့ သေချာပေါက် သူရှိမယ့်နေရာကို သိမှာပဲ။ သူ့ကို သွားမေးကြည့်ရမယ်။

V hyung က ဧည့်ခန်းမှာ yeontan လေးနဲ့ ‌ကစားနေတာမို့ ကျွန်တော် သိပ်မရှာလိုက်ရပါဘူး။

"V hyung တစ်ယောက်တည်းလား"

"မဟုတ်ပါဘူး ငါ့သားလေးနဲ့ဆော့နေတာလေ"

"အာ ဟုတ်သား ကျွန်တော် မေ့သွားတာ"

ကျွန်တော် hyung လက်ထဲက yeontan လေးကို ပြောင်းယူလိုက်ပြီး အမွှေးလေးတွေ ပွတ်သပ်ပေးလိုက်တော့ ငြိမ်နေတာပဲ။ အရမ်းချစ်ဖို့ ကောင်းတယ်။

"မင်း တစ်ခုခုသိချင်လို့ ငါ့ကိုလာရှာတာမလား"

"အရင်ကလဲ hyungနဲ့ တူတူကစားနေကျပါ အဲလိုမမေးပါနဲ့"

"ဒီနေ့ မင်းပုံစံက ထူးဆန်းနေလို့လေ"

"ကျွန်တော် ပုံစံက အဲလိုဖြစ်သွားလား"

"မင်းကလွဲ အားလုံးသိတယ် ဒီလောက်ပျာယာခတ်ပြီး တစ်ခုခုပျောက်နေသလို လိုက်ရှာနေတာ မထူးဆန်းပဲနေမလား"

"အာ hyungကလဲ"

"ပြော ဘာသိချင်တာလဲ"

"jimin hyung ဘယ်သွားလဲ hyung သိတယ်မလား ကျွန်တော့်ကို ပြောပြပါလား"

"မသိဘူး"

"hyung သိရဲ့သားနဲ့ ကျွန်တော့်ကို မသိစေချင်လို့ ညာနေတာမလား"

"မသိပါဘူး ဆိုကွာ"

"hyung ပြောပြရင် ကျွန်တော် hyung အတွက် နာရီ၀ယ်ပေးမယ်လေ limited edition နော်"

"အဟမ်း ကိုယ့်ကို ၀ယ်လဲရတာပဲ"

"အာ့ဆို ဟိုနေ့က hobi hyung အိပ်နေ
တဲ့ပုံကို ခိုးရိုက်နေတာ ကျွန်တော်တွေ့တယ် hobi hyung ကို သွား‌ပြောမှာ"

". . ."

"hyung သိမ်းထားပြီး ကြည့်ဖို့မလား"

"jungkook မင်းနော်"

"အာ့ဆို ပြောပြ"

"အေးပါ ကိုယ့်ညီလေး စိတ်ညစ်နေ
မှာစိုးလို့ ပြောပြလိုက်မယ်"

ကျွန်တော်ရဲ့ Hyung 🍒Where stories live. Discover now