Unicode
ကျွန်တော်က အသက်ငယ်သေးတော့ အကနဲ့ပတ်သတ်ပြီး အတွေ့အကြုံနည်းတဲ့သူမို့ အကကို အဆက်မပြတ် လေ့ကျင့်နေမိတယ်။
ကျွန်တော်တစ်ယောက်တည်း practice room မှာ အကလေ့ကျင့်နေတယ်။ ကျွန်တော်အမှားအယွင်းလုပ်မိရင် hyungတို့အတွက် အချိန်ပိုကြာပြီး ပင်ပန်းမှာစိုးလို့ပါ။
"ကိုယ် ၀င်လာလို့ရမလား"
"jimin hyung ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ"
"မင်းအခန်းမှာ မတွေ့လို့ hyungတို့နဲ့ ထမင်းစားဖို့လာခေါ်တာ"
"ဟုတ် ကျွန်တော်အခုပဲ လိုက်ခဲ့ပါ့မယ်"
"jungkook က အကတော်ပြီးသားပဲကို ဘာလို့အရမ်းအပင်ပန်းခံ လေ့ကျင့်နေရတာလဲ "
"ကျွန်တော် မလုပ်နိုင်မှာ စိတ်ပူလို့ပါ hyung"
"ကိုယ်တို့ရဲ့ အငယ်ဆုံးလေးက အတွေးလွန်နေပြန်ပါပြီ အဲလောက်စိတ်ထဲမထားပါနဲ့ကွာ jungkook က ဘာမဆို ကောင်းကောင်းလုပ်နိုင်တာပဲကို"
Hyung က ကျွန်တော့်ကို အမြဲအားပေးတယ်။ ကျွန်တော်ဘာဖြစ်နေလဲ အမြဲဂရုတစိုက်ကြည့်ပြီး စိိုးရိမ်ပေးတတ်တာ။
ကျွန်တော့်အပေါ်မှာ hyung ကအရမ်းနွေးထွေးသလိုပဲ။ မဟုတ်ပါဘူး ...သူက လူတိုင်းကို ကြင်ကြင်နာနာဆက်ဆံပေးတာကိုက hyungရဲ့ စိတ်ထားကောင်းလေးပဲလေ။
ထမင်းစားခန်းထဲမှာ ခုနှယောက်လုံး စကားပြောရင်း ထမင်းစားကြတယ်။ jimin hyung က ကျွန်တော့ဘေးမှာ ထမင်းစားရင်း ခေါင်းလေးမော့ပြီး ပြုံးရယ်နေတာပဲ။
"jungkook ah ကိုယ့်ကို ပြောစရာရှိလို့လား"
jimin hyung သတိထားမိသွားပြီး ကျွန်တော့်ကို မေးလာတယ်။ ကျွန်တော် တမင်သတ်သတ်ကြည့်တာမဟုတ်ဘူး။ ဒီတိုင်း အမှတ်မထင် ကြည့်မိသွားတာပါ။ ကျွန်တော်ဘာပြန်ပြောသင့်လဲ။
"ဟိုလေ ကျွန်တော် ဂင်ချီ နည်းနည်းလိုချင်လို့ပါ ကျွန်တော်နဲ့ဝေးနေတော့..."
"အော် စောစောကပြောရောပေါ့ အငယ်ဆုံးလေးရာ"
ဟူး..တော်သေးတာပေါ့ hyung သတိမထားမိလို့။

YOU ARE READING
ကျွန်တော်ရဲ့ Hyung 🍒
FanfictionUnicode Hyung က အရမ်းလှတယ်.... ကျွန်တော်ရဲ့ရင်ခုန်သံတွေကို ဗြောင်းဆန်အောင် သူအမြဲလုပ်တယ်...... သူကတော့ ညီလေးလိုဂရုစိုက်ပေးတာတဲ့ ကျွန်တော့်မှာတော့ ရူးခါနေတာပဲ.... သူမျက်နှာပြောင်တိုက်နေတာ မဟုတ်ဘူးလားဗျာ .... Zawgyi Hyung က အရမ်းလှတယ်.... ကျွန်တေ...